AD
AD
AD
play

 

စပြီး ချစ်ကြိုက်ချိန်ကစလို့ ကမ်းခြေမှာ လမ်းလျှောက်ရင်း ချစ်ကြည်နူးခဲ့ကြ၊ ဆယ်ဖီတွေရိုက်ခဲ့ကြ၊ ကမ္ဘာအနှံ့ လျှောက်လည်ခဲ့ကြတဲ့အပြင် နှစ်ဖက်မိဘတွေကိုလည်း အပြန်အလှန်တွေ့ခဲ့ကြတဲ့ တေလာနဲ့ တွမ်တို့ ကွဲသွားချိန်မှာတော့ တွမ်ဟစ်ဒယ်လ်စတန်ကသာ လူဆိုးကြီးဖြစ်ပြီး တေလာဆွစ်က ခံစားရသူအဖြစ် သူမရဲ့ သူငယ်ချင်းတွေက ဇွတ်ကို ပြောဆိုနေကြပါတယ်။

play

 

"တွမ်က သူတို့ရဲ့အချစ်ရေးကို လူတွေအမြဲမြင်စေချင်တယ်။ Emmys ပွဲကိုတောင် သူနဲ့အတူ သွားဖို့ခေါ်တယ်။ ဒါပေမဲ့ တေလာက သူမရဲ့ကိုယ်ပိုင်ဘဝကို ကိုယ်နဲ့သာ သက်ဆိုင်ချင်သူပါ။ တွမ်က သူတို့ရဲ့အချစ်ရေးကို မြန်မြန်ဆန်ဆန်ကြီး အရမ်းကို ထုတ်ဖော်လှစ်ဟချင်နေတော့ သူမမှာ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ အစပိုင်းမှာတော့ အဆင်ပြေချင်ဟန် ဆောင်ခဲ့ပေမဲ့ တွမ်က တေလာရဲ့ နာမည်ကိုသာ သဘောကျတာလေ။ သူ့ကို မှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့ ချစ်တာမှမဟုတ်တာ" လို့ တေလာနဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

နောက်တစ်ဦးကလည်း တွမ်ကိုသာ မကောင်းပြောခဲ့ပါတယ်။

"တေလာက တွမ့်ကို တကယ်ကို သသဘောကျတာပါ။ တေလာ အရမ်းကို ပျော်ခဲ့ပါတယ်။ ဒါပေမဲ့ တွမ်ရဲ့ စိတ်ဝင်စားမှုကျတော့ တေလာနဲ့ မတူဘူး။ အဲဒါကြောင့် သံယောဇဉ်တွေ ပြတ်ဖို့ဖြစ်လာတယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ တေလာကသာ အရင်ရည်းစားတွေနဲ့လည်း လူသိရှင်ကြားဖြစ်ခဲ့ပေမဲ့ တွမ်ကတော့ အဲဒီလို လူသိရှင်ကြား တွဲသွားတွဲလာလုပ်ဖူးတာ မရှိခဲ့ပါဘူး။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD