International Celebrity: နှလုံးခွဲစိတ်ထားရတဲ့ ပရိသတ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ တေလာဆွစ်

, updated

တေလာဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ပါ။

play

 

အိုဟိုင်းယိုးပြည်နယ်က မက်ဂန်ဟေးလ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် ပရိသတ်တစ်ဦးရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို တေလာဆွစ်က ဖြည့်ဆည်းပေးလိုက်ပါတယ်။ သူမရဲ့ပရိသတ်လေးက နှလုံးခွဲစိတ်ကုသမှုငါးကြိမ်အပါအဝင် ဆေးကုသမှုပေါင်းများစွာ ခံယူနေရသူလည်းဖြစ်ပါတယ်။

play

 

မက်ဂန်ရဲ့ဆန္ဒကတော့  တေလာဆွစ်နဲ့ စကားပြောခွင့်ရချင်တာပါ။ သူမရဲ့ဆန္ဒကို ဖခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပြီး ယင်းပို့စ်ကို ပြန်ပြီး share သူတွေ များပြားလာတဲ့နောက်မှာ တေလာဆွစ်က မက်ဂန်နဲ့စကားပြောပေးလိုက်တာလည်းဖြစ်ပါတယ်။

play

 

တေလာဆွစ်က သူမရဲ့ပရိသတ်ကို ကြာသပတေးနေ့မှာ ဖုန်းဆက်ခဲ့ပြီး video call နဲ့ပါ အချိန်တစ်နာရီခွဲကြာအောင် စကားပြောပေးခဲ့ပါတယ်။ ဘာတွေပြောခဲ့ကြသလဲဆိုတာကိုတော့ မက်ဂန်က ပြန်မပြောပေမဲ့ တေလာကို ရင်ထဲနှလုံးသားထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ