International Celebrity: ဂါဝန်တလွင့်လွင့်နဲ့ အသည်းယားအောင်လုပ်လိုက်တဲ့ နီကိုးရှာဇင်ဂါ

, updated

သူမကြည့်ရတာ ဘဝကို ပျော်ရွှင်ကျေနပ်နေပုံပါပဲ။

play

 

သူမရဲ့ရည်းစားဟောင်း ဖော်မြူလာဝမ်း ပြိုင်ကားသမား လူးဝစ်ဟမ်မင်တန်က မော်ဒယ် ဝင်နီဟာလိုနဲ့ ချစ်ကြိုက်နေတယ်လို့ အသံတွေထွက်နေချိန်မှာ နီကိုးရှာဇင်ဂါကတော့ ဘာကိုမှ ဂရုမစိုက်သလိုပါပဲ။

play

 

ပြင်သစ်တောင်ပိုင်းကို ရောက်နေတဲ့ နီကိုးဟာ လှပလွန်းတဲ့ အဝါရောင်ဂါဝန်ရှည်ကြီးကို ဝတ်လို့ သွယ်ပြောင်းတဲ့ ပေါင်တံအလှကို လှစ်ဟပြလိုက်ပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ် မိန်းမချောလေးဟာ ခါးအထက်ထိခွဲထားတဲ့ ဂါဝန်အစနှစ်စကို ဘယ်ညာကိုင်ထားပြီး လှည့်နေတဲ့ပုံကို အင်စတာဂရမ်မှာ တင်လိုက်တာဖြစ်ပါတယ်။

 

ဘယ်ညာယိမ်းနေတဲ့ ပုံလေးကြောင့် သူမရဲ့အောက်ပိုင်းအလှကို လှစ်ခနဲလှစ်ခနဲ မြင်နေရတာ အသည်းယားစရာ ဖြစ်နေပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ