International Celebrity: ကျန်းမာသန်စွမ်းတဲ့ အလှပိုင်ရှင်လေး ကာလီကလော့စ်

၂၀၁၆ ခုနှစ်ရဲ့ အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းမော်ဒယ်စာရင်းမှာ ကာလီကလော့စ်က တတိယနေရာမှာရပ်တည်နေပါတယ်။

play

 

ကမ္ဘာ့ထိပ်တန်းမော်ဒယ်စာရင်းဝင် ကာလီကလော့စ်ဟာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူပါ။ သူမကိုကြည့်လိုက်တိုင်း အမြဲတမ်းလန်းဆန်းတက်ကြွနေတာကိုပဲ မြင်ရပါတယ်။

play

 

ကာလီကလော့စ်ရဲ့ ကျန်းမာလှပမှုတွေကို Women's Health မဂ္ဂဇင်းက အလှပုံရိပ်တွေရိုက်ကူးဖော်ပြခဲ့ပါတယ်။ အောက်တိုဘာလထုတ်မယ့် မဂ္ဂဇင်းမှာ ကာလီကလော့စ်ရဲ့ပုံရိပ်တွေနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။

play

 

ပုံတွေအားလုံးလိုလိုမှာ သူမက ဗိုက်သားလေးတွေဖော်ကာ အဆီပိုမရှိ ချပ်ရပ်မှုကို ပြသခဲ့ပါတယ်။ ကာလီရဲ့ထုံးစံအတိုင်း ညီညာတဲ့သွားလေးတွေ အတန်းလိုက်ပေါ်အောင် ပြုံးထားတဲ့ အပြုံးတွေကိုလည်း မြင်ရဦးမှာပါ။

Source : Women's Health Mag

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ