International Celebrity: ဆေးရုံတက်နေရတဲ့ နီရဲလ်ဟိုရန်

ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

play

 

One Direction အဖွဲ့ဝင်ဟောင်း နီရဲလ်ဟိုရန်ဟာ ဆေးရုံပေါ်က အိပ်ရာပေါ်မှာ ရောက်နေတဲ့ ဓာတ်ပုံကို စက်တင်ဘာလ ၉ ရက်က Snapchat မှာ တင်လိုက်တာ ဖြစ်ပါတယ်။

play

 

အပေါ်ပိုင်းဗလာနဲ့ ပုံတစ်ပုံရယ်၊ ဆရာဝန်ကိုစောင့်နေတယ်လို့ ရေးထားတဲ့ ပုံတစ်ပုံရယ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ စိုးရိမ်စရာတော့မရှိပါဘူး။ သူ ဆေးရုံတက်ရတဲ့အကြောင်းအရာက အသက်အန္တရာယ်နဲ့ အဝေးကြီးပါ။

နီရဲလ်ဟာ acid reflux လို့ခေါ်တဲ့ သူ့ရဲ့အသံကြိုးကို ထိခိုက်နိုင်တဲ့ ရောဂါ ဖြစ်နေတဲ့အတွက် ဆေးရုံတက်ပြီး ခွဲစိတ်ကုသရတာ ဖြစ်ပါတယ်။

ယင်း acid reflux က သူ့ရဲ့အသံကြိုးတွေကို ထိခိုက်စေရုံသမက ကိုယ်အလေးချိန်လျော့ကျခြင်းနဲ့ အခြား ကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။

play

 

မကြာခင်မှာ စတင်တော့မယ်လို့ စီစဉ်ထားတဲ့ နီရဲလ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဟာ ခွဲစိတ်ကုသမှုကြောင့် နှောင့်နှေးကြံ့ကြာသွားနိုင်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ