International Celebrity: ဇာဂါဝန်ဝတ်လို့ မော်ဒယ်ကောက်ကြောင်းကို ပြခဲ့တဲ့ တိုနီဂန်း

Calvin Klein နဲ့ စာချုပ်ချုပ်ပြီးကတည်းက ပျောက်နေခဲ့တာပါ။

play

 

ဂျာမန်မော်ဒယ် တိုနီဂန်းဟာ စက်တင်ဘာလ ၉ ရက်က New York Fashion Week ကို တက်ရောက်ချိန်မှာတော့ သူမ စာချုပ်ချုပ်ထားတဲ့ Calvin Klein ရဲ့ထုတ်ကုန်တွေကို အိမ်မှာပဲထားခဲ့ဖို့ ရွေးချယ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မော်ဒယ်လေးဟာ ဇာဂါဝန်ပါးလေးဝတ်လို့ သွယ်ပြောင်းလှတဲ့ သူမရဲ့ကောက်ကြောင်းအစစ်အမှန်ကို မြင်သာအောင် ပြသထားခဲ့ပါတယ်။

play

 

အပေါ်ပိုင်းမှာ အတွင်းခံဝတ်မထားတဲ့သူမဟာ အောက်ဘက်မှာတော့ အရှက်လုံရုံ အတွင်းခံအနက်လေးကို ဝတ်ဆင်ထားပါတယ်။

ဂါဝန်လေးရဲ့ထူးခြားချက်က ဘေးဘက်မှာ အိတ်ကပ်လေးနှစ်ဖက် ထည့်ထားပြီး အိပ်ကပ်ပါတာကို သိသာစေဖို့အတွက် တိုနီဂန်က အိပ်ကပ်ထဲကို လက်နှိုက်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

play

 

မော်ဒယ်အမြောက်အမြားလာရောက်ကြတဲ့ ဒီလိုပွဲမျိုးမှာ သူမအနေနဲ့ အခုလို တစ်ခုခု ထူးခြားနေဖို့လည်း လိုအပ်တယ် မဟုတ်လား။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ