International Celebrity: လူမည်းစုံထောက်မင်းသမီးကြီး ဗိုင်အိုလာ

သူမဟာ Kate & Leopold ရုပ်ရှင်ဇာတ်ကားနဲ့ စတင်လူသိများခဲ့ပါတယ်။

play

 

ဒီနေ့ဟာ ဟောလိဝုဒ်ရဲ့နာမည်ကြီး အအောင်မြင်ဆုံး လူမည်းမင်းသမီးကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ မင်းသမီးကြီး Viola Davis ဟာ ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်းမောင်နှမ ခြောက်ယောက်ရှိသူ ဖြစ်ပါတယ်။

play

 

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှာစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။ သူမဟာ Kate & Leopold ရုပ်ရှင်ဇာတ်ကားနဲ့ စတင်လူသိများခဲ့ပါတယ်။ များသောအားဖြင့် ဒရာမာနဲ့အက်ရှင်ဇာတ်ကားတွေမှာ ပါင်သရုပ်ဆောင်လေ့ရှိပြီး သူမဟာ ရဲအရာရှိနဲ့ နိုင်ငံအကြီးအကဲ ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်သူဖြစ်တယ်လို့ သူမပရိသတ်တွေက ဆိုပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင်ပိုင်နိုင်စွာဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဟာ The Help ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုပေါင်းများစွာ ရရှိခဲ့သူဆိုလည်း မမှားပါဘူး။

play

 

လက်ရှိမှာ သူမ အဓိက ပါဝင်သရုပ်ဆောင်နေတဲ့ How to Get Away with Murder ရုပ်ရှင်ဇာတ်လမ်းတွဲဟာလည်း အောင်မြင်လျက်ရှိပြီး Suicide Squad ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်ထားပါသေးတယ်။

Source : Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ