International Celebrity: သီချင်းသစ်အတွက် ပြင်ဆင်နေတဲ့ တေလာဆွစ်

တေလာဆွစ်ဟာ လူတွေကို အမြဲအံ့သြအောင် လုပ်တဲ့သူပါ။

play

 

တေလာဆွစ်ဟာ သီချင်းသစ်အတွက် လုပ်နေတယ်လို့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဂျီဂျီဟက်ဒီးက စက်တင်ဘာလ ၉ ရက်ည New York Fashion Week မှာ ပြောသွားခဲ့ပါတယ်။

play

 

"သူက အရမ်းကောင်းတဲ့သူငယ်ချင်းဆိုတာ ပြောစရာတောင် မလိုပါဘူး။ အခု သူက စတူရီယိုထဲမှာ အလုပ်ပြန်လုပ်ဖို့ ပြင်ဆင်နေပြီလေ။ ကျွန်မအတွက် သူ အချိန်ပေးပြီး ဒီကို ရောက်အောင် လာခဲ့တာ။ အဲဒီအတွက် အရမ်းကျေးဇူးတင်တယ်" လို့ ဂျီဂျီဟက်ဒီးက ဆိုခဲ့ပါတယ်။

play

 

တေလာဆွစ်ဟာ ဂျီဂျီဟက်ဒီး လျှောက်လှမ်းမယ့် ဖက်ရှင်ရှိုးကို သူငယ်ချင်းမလေးကို အားပေးဖို့ သက်သက် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

play

 

သူမဟာ ရည်းစားနဲ့ ကွဲလို့ စိတ်ညစ်ကောင်း ညစ်နေမှာ မှန်ပေမဲ့ သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့ ဘယ်တော့မှ မမေ့လျော့ခဲ့သူပါ။ ဒါကြောင့်လည်း သူမမှာ သူငယ်ချင်းတွေ တစ်အုပ်ကြီး ရှိနေခဲ့တာပေါ့။

play

 

သူမဟာ အဲဒီပွဲမှာ သူမရဲ့ရည်းစားဟောင်း ကယ်ဗင်ဟားရစ်နဲ့ ရီဟားနားရဲ့ This Is What You Came For သီချင်းကို ဖွင့်ပြီး ဖက်ရှင်ရှိုးလျှောက်ခဲ့ကြချိန်မှာ တေလာဆွစ်ကလည်း သီချင်းကို လိုက်ဆိုခဲ့ပါသေးတယ်။

Source & Phtoos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ