International Celebrity: ကယ်ဗင်ဟားရစ်ရဲ့ သီချင်းကို ဆိုပြီး အင်စတာဂရမ်မှာ တင်လိုက်တဲ့ တေလာဆွစ်

ဘာရည်ရွယ်ချက်နဲ့ သူမ ဒီလိုလုပ်သလဲ မသိပါဘူး။

play

 

စက်တင်ဘာလ ၉ ရက်နေ့က အချစ်ဆုံးသူငယ်ချင်းမလေး ဂျီဂျီဟက်ဒီးရဲ့ ဖက်ရှင်ရှိုးပွဲကို သွားအားပေးခဲ့တဲ့ တေလာဆွစ်ဟာ ဖက်ရှင်ရှိုးပွဲမှာ ဖွင့်တဲ့ ကယ်ဗင်ဟားရစ်ရဲ့သီချင်းကို လိုက်ဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျီဂျီဟက်ဒီးအပါအဝင် မော်ဒယ်တွေ လျှောက်လမ်းပေါ်မှာ လျှောက်နေချိန်မှာ မြူးမြူးကြွကြွ ထွက်ပေါ်လာတဲ့ This is What You Came For သီချင်းကို တေလာဆွစ်က လိုက်ဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ကယ်ဗင်ဟားရစ်နဲ့ ရီဟားနားရဲ့သီချင်းဖြစ်ပြီး MTV Video Music ဆုပေးပွဲမှာ ကယ်ဗင်ဟားရစ်ဆုရခဲ့တဲ့ အဲဒီသီချင်းကို ပွဲမှာ လိုက်ဆိုခဲ့ရုံမကဘဲ သူမရဲ့ပရိသတ်အားလုံး မြင်တွေ့စေဖို့ တေလာက အင်စတာဂရမ်ကနေ ဗီဒီယိုဖိုင်ကို ပြန်မျှဝေခဲ့ပြန်ပါတယ်။

play

 

"နင့်အတွက် အရမ်းဂုဏ်ယူတယ် ဂျီဂျီ..ဒီရှိုးပွဲက အရမ်းကောင်းတယ်။ ဂုဏ်ယူပါတယ် ဂျီ၊ တိုနီနဲ့ လျှောက်လမ်းပေါ်က မိန်းကလေးအားလုံး" လို့ သူမက စာရေးသားထားပါတယ်။

play

 

တကယ်တော့ အဲဒီသီချင်းဟာ ကယ်ဗင်ဟားရစ်နဲ့ ချစ်သူတွေ ဖြစ်စဉ်က သူမ နာမည်ဝှက်နဲ့ ကူညီရေးစပ်ပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ကွဲသွားချိန်မှာ ဒီသီချင်းကို သူမ ရေးစပ်ပေးခဲ့တယ်ဆိုတာ မပြောဘူးလို့ ကတိပေးခဲ့တဲ့ တေလာဟာ ဒီအကြောင်းကို လူသိရှင်ကြား ဖွင့်ချခဲ့တဲ့အတွက် ကယ်ဗင်ဟားရစ်က မကျေမနပ်ဖြစ်ခဲ့ပါတယ်။

play

 

သူမရဲ့နောက်ရည်းစား တွမ်ဟစ်ဒယ်လ်စတန်နဲ့လည်း ဒီတစ်ပတ်ထဲမှာ ကွဲသွားတဲ့ တေလာဟာ ဘာရည်ရွယ်ချက်နဲ့ ဒီသီချင်းကို အင်စတာဂရမ်မှာ တင်ခဲ့တယ်ဆိုတာတော့ သူမကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ