International Celebrity: အလှကုန်ပစ္စည်းတွေနဲ့နာမည်ကြီးလာတဲ့ အကိတ်မော်ဒယ်

ကော့တနီနဲ့ ကလိုဝီ ကာဒီရှီယန်တွေကတော့ သူမရဲ့ မအေတူ ဖအေကွဲ အစ်မတွေ ဖြစ်ပါတယ်။

play

 

ဒီနေ့ဟာ အကိတ်မော်ဒယ် အလှပဂေး Kylie Jenner လော့စ်အိန်ဂျလိစ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူမရဲ့ဖခင်က မိန်းမအဖြစ် လိင်ပြောင်းထားသူ ဘရုစ်ဂျန်နာ ခေါ် ကိတ်လင်းန် ဂျန်နာဖြစ်ကာ မိခင်ကတော့ ခရစ်ဂျန်နာပဲ ဖြစ်ပါတယ်။

play

 

 နာမည်ကြီး မိဘနှစ်ပါးက မွေးဖွားလာခဲ့တဲ့ကိုင်လီဟာ အမေရိကန်နာမည်ကြီး မော်ဒယ်ချောလေး ကန်ဒဲလ်ဂျန်နာရဲ့ ညီမလည်းဖြစ်ပြီး ကင်မ်၊ ကော့တနီနဲ့ ကလိုဝီ ကာဒီရှီယန်တို့ကတော့ သူမရဲ့ မအေတူ ဖအေကွဲ အစ်မတွေ ဖြစ်ပါတယ်။ Keeping Up with the Kardashians ရုပ်သံဇာတ်လမ်းတွဲမှာ နာမည်ကြီး ညီအစ်မတစ်သိုက်နဲ့အတူ ပါဝင်ခဲ့တဲ့ ကိုင်လီဟာ အခြား ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ရုပ်သံအစီအစဉ်နဲ့ သီချင်းဗီဒီယို အချို့မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

play

 

 သူမရဲ့ အလှကုန်ပစ္စည်းတွေဟာလည်း နာမည်ကြီးလူကြိုက်များတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး သူမဟာ မော်ဒယ်အဖြစ် ရှိုးလျှောက်ခြင်းနဲ့ ဖက်ရှင်ဓာတ်ပုံရိုက်ခြင်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

play

 

လူမည်း Rapper တိုက်ဂါနဲ့ ၂၀၁၄ နှောင်းပိုင်းမှာ စတင်တွဲခဲ့တဲ့ ကိုင်လီဟာ ၂၀၁၆ မေမှာတော့ ချစ်သူဘဝက ခဏတာ ပြတ်စဲခဲ့ပေမယ့် ဇွန်လမှာပဲ ပြန်တွဲဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ