International Celebrity: ဇာတ်ကားထဲမှာသာမက အပြင်မှာပါချစ်သူတွေဖြစ်သွားကြပြီဆိုတဲ့ ကင်ဆိုယွန်းနဲ့လီဆန်ဝူး

ဇာတ်လမ်းလည်းပြီးရော နှစ်ယောက်သားချိန်းတွေ့ကြပါလေရော...

play

 

တောင်ကိုရီယားရဲ့ နာမည်ကျော်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသားလီဆန်ဝူးနဲ့ မင်းသမီး ကင်ဆိုယွန်းတို့ဟာ Happy Home ဇာတ်ကားရိုက်ရင်း ချစ်ကြိုးတွေရစ်နှောင်သွားကြပြီလို့ သိရပါတယ်။

play

 

"ဇာတ်လမ်းတွဲရိုက်ကူးနေရင်း တစ်ဝက်လောက်အရောက်မှာ နှစ်ယောက်သားသရုပ်ဆောင်ပုံတွေက အရမ်းကိုသံသယဖြစ်စရာကောင်းလာတယ်။ ဇာတ်လမ်းလည်းပြီးရော နှစ်ယောက်သားချိန်းတွေ့ကြပါလေရော" လို့ Happy Home ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ နှစ်ယောက်လုံးက သဘောကောင်းပြီး ကြင်နာတတ်သူတွေဖြစ်တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

play

 

ကင်ဆိုယွန်းကို All About Eve ၊ Iris စတဲ့ဇာတ်ကားတွေနဲ့ လူသိများပြီး လီဆန်ဝူးကတော့ ၂၀၀၅ ခုနှစ်မှာပြသခဲ့တဲ့ First Wives' Club မှာ စတင်သရုပ်ဆောင်ခဲ့သူကာ နာမည်ရမင်းသားတစ်လက်လည်းဖြစ်လာပါတယ်။

Source : Yonhap

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ