International Celebrity: ၂၀၁၆ ရဲ့ အလန်းဆုံး ဆယ်လီစုံတွဲ

ဇေးမောလစ်နဲ့ ဂျီဂျီဟက်ဒီးတို့စုံတွဲပါ။

play

 

အမြဲတမ်းစတိုင်ကျနေတဲ့ စုံတွဲဖြစ်တဲ့ One Direction အဆိုတော်ဟောင်း ဇေးမောလစ်နဲ့ စူပါမော်ဒယ် ဂျီဂျီဟက်ဒီးတို့ကို စက်တင်ဘာလ ၁၀ ရက်က နယူးယော့ခ်မှာ အလန်းစားစတိုင်တွေနဲ့ အားကျစရာ စုံတွဲလေးတစ်တွဲအဖြစ် မြင်တွေ့ရပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် မော်ဒယ်မလေးနဲ့ အသက် ၂၃ နှစ်အရွယ် အဆိုတော်လေးတို့ဟာ ခဏတာ ကွဲသွားခဲ့ပြီးနောက် နားလည်မှုတွေ ပိုရရှိသွားပုံပါပဲ။

play

 

New York Fashion Week အတွက် ဂျီဂျီတစ်ယောက် မအားမလပ်နိုင်အောင် ဖြစ်နေပေမဲ့ ချစ်သူကို ရအောင်အချိန်ပေးဖို့ လက်တွေခိုင်ခိုင်တွဲကာ ဂျီဂျီရဲ့တိုက်ခန်းထဲက အတူထွက်လာခဲ့ကြပါတယ်။

နှစ်ယောက်စလုံးဟာ ဖက်ရှင်ကျကျနဲ့ လိုက်ဖက်ညီတဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ