International Celebrity: တစ်ကိုယ်လုံး အဖြူကွက်တွေဖြစ်ပေါ်နေပေမဲ့ နာမည်ကြီးမော်ဒယ်ဖြစ်လာတဲ့ ဝင်နီဟာလို

သူမဟာ မိုက်ကယ်ဂျက်ဆင်လိုပဲ အရေပြားရောဂါတစ်မျိုး ခံစားနေရသူပါ။

play

 

မော်ဒယ် ဝင်နီဟာလိုဟာ ဖော်မြူလာဝမ်း ပြိုင်ကားသမား လူးဝစ်ဟမ်မင်တန်နဲ့ ချစ်ကြိုက်နေတယ်လို့ ကောလာဟလထွက်နေတဲ့အတွက် သူမနဲ့ ပတ်သက်ပြီး လူတွေက စိတ်ဝင်စားလာကြပါတယ်။

play

 

သူမဟာ ၂၀၁၄ ခုနှစ်မှာ ခတန်တယ်လီဘရောင်းယန်းဆိုတဲ့ နာမည်နဲ့ America's Next Top Model ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဝင်နီဟာလိုဆိုတဲ့ နာမည်နဲ့ London Fashion Week မှာ မော်ဒယ်လုပခဲ့ပြီး Desigual ရဲ့ အမှတ်တံဆိပ်သံတမန် ဖြစ်လာခဲ့ပါတယ်။

play

 

မိုက်ကယ်ဂျက်ဆင်ဖြစ်ခဲ့တဲ့ Vitiligo ဆိုတဲ့ အရေပြားရောဂါတစ်မျိုးကို အသက် ၄ နှစ်အရွယ်ကတည်းက စတင်ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီရောဂါကြောင့်ပဲ ငယ်ဘဝတစ်လျှောက်လုံး သူများအနိုင်ကျင့်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

play
New York Fashion Week ပါတီကို ရောက်လာတဲ့ ဝင်နီဟာလို

 

ကနေဒါဇာတိဖြစ်တဲ့ ဝင်နီဟာ ဘီယွန်ဆေးရဲ့ ဗီဒီယိုအယ်လ်ဘမ်မှာ ပါဝင်ခဲ့ဖူးပြီး The Black Eyed Peas ရဲ့ Where Is the Love မှာလည်း ပါဝင်ထားပါတယ်။

Source & Photos : independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ