International Celebrity: သရုပ်အကောင်းဆုံး လူမည်းမင်းသားတစ်ယောက်

သရုပ်ဆောင်အဖြစ်နဲ့တင် မဟုတ်ဘဲ ထုတ်လုပ်သူ ဒါရိုက်တာအနေနဲ့ပါ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူပါ။

play

 

ဟောလိဝုဒ်ရဲ့နာမည်အကြီးဆုံးနဲ့ သရုပ်ဆောင်အကောင်းဆုံး လူမည်းမင်းသားကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Forest Whitaker Whitaker ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို ၁၉၈၀ နောက်ပိုင်းမှာ စတင်ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်အဖြစ်နဲ့တင် မဟုတ်ဘဲ ထုတ်လုပ်သူ ဒါရိုက်တာအနေနဲ့ပါ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူပါ။ Lil Wayne, Maggie Grace နဲ့ 50 Cent တို့နဲ့လက်တွဲပြီး အနုပညာခြေလှမ်းတွေ စတင်ခဲ့သူဆိုလည်း မမှားပါဘူး။ များသောအားဖြင့် အက်ရှင်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ မကြာခဏ ပါဝင်သရုပ်ဆောင်လေ့​ ရှိပါတယ်။

play

 

Whitaker ဟာ ၂၀၀၀ ခုနှစ်မှာတော့ Battlefield Earth ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ Phone Booth အက်ရှင်ကားနဲ့ လူသိများခဲ့ပြန်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ဆုတံဆိပ်များစွာ လျာထားခြင်း ခံခဲ့ရသလို ဆွတ်ခူးရရှိခဲ့တဲ့ The Last King of Scotland ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

play

 

၂၀၁၃ မှာလည်း အောင်မြင်မှုများစွာရခဲ့တဲ့ Lee Daniel's The Butler ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်မင်းသား အဖြစ် ပါဝင်ခဲ့ပြန်ပါတယ်။ ၂၀၁၅ မှာရုံတင်ပြသခဲ့တဲ့ Taken 3 ရုပ်ရှင်ဇာတ်ကားမှာလည်း မင်းသား Liam Neeson နဲ့ အတူ Whitaker ပါဝင်သရုပ်ဆောင်ထားပါတယ်။ Southpaw ရုပ်ရှင်ဇာတ်ကားမှာ လည်း Whitaker ပါဝင်ခဲ့ပါသေးတယ်။

များသောအားဖြင့် ရဲအရာရှိ၊ စုံထောက်ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်မှုရှိတယ်လို့ ပရိသတ်တွေ ထောက်ခံ အားပေး ခံရသူ ဖြစ်ပါတယ်။ Whitaker ဟာ ၁၉၉၆ခုနှစ်မှာ မင်းသမီးကြီး Keisha Nash နဲ့လက်ထပ်ခဲ့ပြီး အခုဆို သားသမီး၎ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘ၀ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ