International Celebrity: ရွှေရောင်ဆံပင်နဲ့ မင်းသားငယ်လေး လူးကာ့စ်

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အနုပညာလောကထဲ ခြေလှမ်းတွေ စတင်ခဲ့သူပါ။

play

 

တေလာဆွစ်ဖ်ရဲ့ You Belong With Me သီချင်းဗီဒီယိုနဲ့အတူ နာမည်ကြီး လူသိများလာခဲ့တဲ့ အမေရိကန် မင်းသားချော Lucas Till ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အရွယ်ရောက်လာချိန်မှာတော့ လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။

play

 

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အနုပညာလောကထဲ ခြေလှမ်းတွေ စတင်ခဲ့သူပါ။ တေးလ်ဟာ ၂၀၀၉ခုနှစ်မှာတော့ အဆိုတော်မင်းသမီးချော မိုင်လေဆိုင်းရပ်စ်ရဲ့ Hannah Montana: The Movie ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေး ဖြစ်ခဲ့ပါတယ်။

play

 

The Spy Next Door, Battle: Los Angeles ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့တဲ့ တေးလ်ဟာ ၂၀၁၁ မှာတော့ X Men: First Class ဇာတ်ကားကြီးမှာ Havok အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကာ နောက်ပိုင်း ဆက်လက်ရုံ ထွက်ရှိလာခဲ့တဲ့ X-Men: Days of Future Past နဲ့ X-Men: Apocalypse ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

play

 

၂၀၁၇ ခုနှစ်မှာတော့ တေးလ် ပါဝင်ထားတဲ့ Monster Trucks ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသဖို့ရှိပါသေးတယ်။ အသားဖြူလွန်းပြီး ရွှေညိုရောင်ဆံပင်နဲ့ ကြည့်ကောင်းသူလို့နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေတဲ့ တေးလ်ဟာ လက်ရှိအထိတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာသတင်းမှ မထွက်သေးတဲ့ မင်းသားလေးတစ်ဦးဆိုလည်း မမှားပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ