International Celebrity: လင်ဆေးလိုဟန် ရည်းစားသစ်နဲ့တွဲနေကြောင်း သတင်းတွေထွက်လာ

ကြီးကျယ်ခမ်းနားတဲ့ ခင်ပွန်းလောင်းနဲ့ စေ့စပ်မှုဖျက်သိမ်းပြီးနောက် အသည်းကွဲဝေဒနာကို ကုစားတဲ့နည်းလမ်းကတော့ အလန်းကြီးပါပဲ..

play

 

စေ့စပ်မှုဖျက်သိမ်းပြီး လအနည်းငယ်အကြာမှာ လင်ဆင်းလိုဟန်တစ်ယောက် အချစ်သစ်တွေ့နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ လင်ဆေးလိုဟန်ဟာ အီဂေါ် တာရာဘာဆော့ဗ်နဲ့ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ကြပြီးနောက်မှာ ဂရိကို စိတ်ပြေလက်ပျောက် အလည်သွားနေခဲ့တာဖြစ်ပါတယ်။

play

 

ဂရိက အဆင့်မြင့်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ သောင်ပြင်မှာဆယ်ဖီဆွဲနေတဲ့ပုံ ပျံ့နှံ့လာပြီးနောက် ယခုအခါ နှစ်ယောက်တွဲသွားတာကိုပါ မြင်နေရပါပြီ။ ဆိုင်ရှင်နာမည်က Dennis Papageorgiou ဖြစ်ပြီး အသက်က သူမနဲ့သိပ်ကွာပုံမရပါဘူး။

play

 

စနေညပိုင်းမှာ ဒင်းနစ်ရဲ့စားသောက်ဆိုင်ကိုရောက်လာတဲ့ လင်ဆေးလိုဟန်ကိုလည်း တွေ့မြင်ရပါတယ်။ သူမကတော့ မျက်နှာကိုဖုံးကွယ်ထားပေမဲ့ လင်ဆေးလိုဟန်မှန်းလည်း သိသာနေသလို ဒင်းနစ်ကလည်း အထူးဂရုစိုက်နေတာကိုပါ မြင်ရပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ