International Celebrity: တေလာဆွစ်သာတောင်းပန်ရင် သီချင်းတွဲဆိုပါ့မယ်လို့ ကေတီပယ်ရီဖြေကြား

ခပ်ချေချေပါပဲ........။

play

 

တွစ်တာဘုရင်မကြီး အဆိုကျော် ကေတီပယ်ရီက ပရိသတ်တစ်ဦးရဲ့တေလာဆွစ်နဲ့ပတ်သက်ပြီး မေးတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

Camille အမည်ရှိ တွစ်တာအသုံးပြုသူတစ်ဦးက ကေတီပယ်ရီကို တေလာဆွစ်နဲ့အတူ အလုပ်တွဲလုပ်မလားလို့ ရေးသားပြီး မေးလိုက်တာပါ။ ဒါကို ကေတီက " သူမကသာ ဆောရီးလို့ ပြောမယ်ဆိုရင်တော့ သေချာပေါက် အလုပ်တွဲလုပ်ပါ့မယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

play
၂၀၁၁ ခုနှစ်တုန်းက ပြေလည်ခဲ့ကြစဉ်

 

ကေတီနဲ့တေလာတို့ဟာ အရင်တုန်းကတော့ ခင်ခင်မင်မင်ရှိလှပေမဲ့ နောက်ပိုင်းမှာ အဆင်မပြေမှုလေးတွေဖြစ်လာရာကနေ တေလာဆွစ်က Bad Blood သီချင်းလည်း ဆိုလိုက်ရော နှစ်ယောက်သား ကမ္ဘာ့ရန်တွေဖြစ်သွားကြတော့တာပါပဲ။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ