International Celebrity: တစ်နှစ်ခွဲလောက်တွဲလာတဲ့ အဆိုတော်မလေးနဲ့ ကာရာဒယ်လဗင်းတို့ ကွဲကြပြီလို့ဆို

ကာရာရဲ့မွေးနေ့ပွဲကို ဗင်းဆင့်က ရောက်မလာခဲ့ပါဘူး။

play

 

နာမည်ကျော်မော်ဒယ်လေး ကာရာဒယ်လဗင်းဟာ သူမနဲ့ တစ်နှစ်ခွဲလောက်တွဲလာတဲ့ ပြင်သစ်အဆိုတော်မလေး စိန့်ဗင်းဆင့်(အမည်ရင်း အန်းကလာ့ခ်) နဲ့ ပြတ်သွားပြီလို့ သိရပါတယ်။ The Sun သတင်းရဲ့ ရေးသားချက်အရ ကာရာနဲ့စိန့်တို့ရဲ့အချစ်ရေးဟာ အနေဝေးရာကနေ သွေးအေးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဦးကိုတစ်ဦး ဂရုစိုက်နေကြတုန်းပဲ ဆိုပေမဲ့ အနေဝေးတာများလာတော့ ဖိအားတွေဖြစ်ပေါ်လာခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

play

 

သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ကာရာရဲ့မွေးနေ့ပွဲကို ဗင်းဆင့်က ရောက်မလာခဲ့ပါဘူး။ အဲဒီကစလို့ ပြဿနာတက်ရာနေ ခုလောက်ထိဖြစ်သွားတယ်လို့ သိရပါတယ်။

play

 

စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းထဲမှာ ကာရာက သူမရဲ့အချစ်ရေးအပေါ် အလေးအနက်ထားပုံကို ဖြေကြားခဲ့ပါသေးတယ်။ အရင်တုန်းက အချစ်စစ်ကို မသိခဲ့သလို အချစ်ရဲ့နက်ရှိုင်းမှုကို မသိခဲ့ပေမဲ့ ခုတော့ အချစ်ကိုသိရှိသွားပြီလို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အချစ်ရေးအဆင်မပြေဖြစ်နေမှုတွေကို ကာရာက ပါတီတွေနွှဲရင်းနဲ့ပဲ အချိန်ဖြုန်းနေခဲ့ပုံပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ