International Celebrity: ရီဟားနားအကြောင်း ရွှန်းရွှန်းဝေအောင်ပြောခဲ့တဲ့ ဒရိတ်ခ်

ရီဟားနားက ဒရိတ်ခ်ရဲ့ပွဲကို ရုတ်တရက်ရောက်လာခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၁၀ ရက်က လော့ဆန်းဂျလိစ်မှာ ပြုလုပ်တဲ့ ဒရိတ်ခ်ရဲ့ရှိုးပွဲကို ရီဟားနားက ရုတ်တရက်ရောက်လာပြီး ပရိသတ်ကို အံ့သြအောင်လုပ်ခဲ့ပြီးနောက် ဒရိတ်ခ်က ရီဟားနားကို ချီးကျူးစကားပြောခဲ့တာ ဖြစ်ပါတယ်။

play

 

"ဒီအမျိုးသမီးလိုမျိုး သင့်ကို ထိန်းချုပ်နိုင်တဲ့သူ ခင်ဗျားတို့ရှာတွေ့ပါစေလို့ ဆုတောင်းပါတယ်" လို့ ရီဟားနားက သူ့ကို နောက်ကနေ ဖက်လိုက်စဉ်မှာ ဒရိတ်ခ်က ပြောခဲ့ပါတယ်။

play

 

ရီဟားနားဟာ စတိတ်စင်ပေါ်ကို တက်လာပြီး ဒရိတ်ခ်နဲ့အတူ "Work" သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။

play

 

ရီဟားနားရဲ့ Anti World Tour တုန်းကလည်း မန်ချက်စတာမြို့မှာ ရှိုးပွဲလုပ်တုန်း ဒရိတ်ခ်က အခုလိုပဲ လာရောက်ပြီး ကူညီဖျော်ဖြေခဲ့ဖူးပါတယ်။

Source & Photos : ew

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ