International Celebrity: စေတန်ဂိုဏ်းချုပ်လို့ စွပ်စွဲခံနေရတဲ့ တေလာဆွစ်

ဒဏ္ဍာရီဆန်လှတဲ့ စွပ်စွဲချက်တွေ ဖြစ်ပါတယ်။

play

အသက် ၂၆ နှစ်အရွယ် တေလာဆွစ်ဟာ ဂီတကနေတစ်ဆင့် စကားတွေဖြန့်နေတဲ့ စေတန်ကို ကိုးကွယ်သူများရဲ့ ခေါင်းဆောင်ဖြစ်နိုင်ကြောင်း သီအိုရီတစ်ခု ထွက်ပေါ်နေခဲ့ပါတယ်။

စေတန်ဘုရားကျောင်းဟာ စေတန်ကို အမှန်တကယ်ကိုးကွယ်တာမဟုတ်ပါဘူး။ စေတန်ရှိတယ်ဆိုတာလည်း မယုံကြည်ပါဘူး။ ခရစ္စယန်တွေရဲ့ ဘာသာရေးယုံကြည်မှုတွေကို မေးခွန်းထုတ်ဖို့အတွက် ခရစ်တော်ရဲ့ရန်သူ သို့မဟုတ် ကန့်ကွက်သူဆိုတဲ့ အဓိပ္ပာယ်နဲ့ စေတန်ဆိုတဲ့ စကားလုံးကို ယူထားတာ ဖြစ်ပါတယ်။

စေတန်ဘုရားကျောင်းဟာ ကိုးကွယ်သူတွေကို အောလမ်းကျင့်စဉ်တွေနဲ့ ချမ်းသာ အောင်မြင်အောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

play

 

ယင်းအဖွဲ့အစည်းကို ဇီနာရှာရက်ခ်က ဦးဆောင်ခဲ့ပြီး သူမဟာ တေလာနဲ့ အရမ်းကို တူလွန်းတယ်လို့ ပရိသတ်က ယူဆထားပါတယ်။

အခု အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဇီနာဟာ ၁၉၈၅ ခုနှစ်နဲ့ ၁၉၉၀ အတွင်း ယင်းဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့ပြီး သူမရဲ့မိဘနှစ်ပါးက ယင်းဘာသာကို စတင်ခဲ့သူတွေ ဖြစ်ပါတယ်။

play

 

ဇီနာဟာ အောက်လမ်းနည်းပညာကို အသုံးပြုပြီး သူမကိုယ်သူမ နုပျိုအောင် ပြုလုပ်ကာ  တေလာဆွစ်ဆိုတဲ့နာမည်နဲ့ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်နေတဲ့ ပေါ့ပ်အဆိုကျော်တစ်ယောက် ဖြစ်အောင် ပြုလုပ်ခဲ့တယ်လို့ လူတွေက ဆိုနေကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ မွေးတဲ့ တေလာဟာ ဇီနာရဲ့ တိတ်တိတ်ပုန်းသမီးလို့လည်း တချို့က ဆိုကြပြန်ပါတယ်။

play

 

၁၉၉၀ ခုနှစ်မှာ ဇီနာဟာ ဘုရားကျောင်းက တာဝန်တွေကို စွန့်ခွာပြီး အခု ဘာလင်မှာ အခြေချနေပါတယ်။

ယင်းကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး တေလာ့ဆီက တုံ့ပြန်ဖြေကြားမှုရဖို့အတွက် သူမရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို Metro သတင်းဌာနက ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ