International Celebrity: ဗစ်တိုးရီးယားရဲ့ အမာခံပရိသတ်တွေ

ဗစ်တိုးရီးယားဘာလုပ်လုပ် အားပေးနေမယ့်သူတွေပါ။

play

 

စက်တင်ဘာလ ၁၁ ရက်နေ့ မနက်က New York Fashion Week မှာ ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ ၂၀၁၇ နွေရာသီဝတ်စုံ ရှိုးပွဲအတွက် သေချာ ပြင်ဆင်ထားပါတယ်။

play

 

ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီယားအတွက် တစ်ခုသေချာတာက သူမရဲ့မိသားစုဟာ ရှေ့ဆုံးကနေ သူမကို အားပေးဖို့ အဆင်သင့်ရှိနေမယ်ဆိုတာပါပဲ။

play

 

"ဒီမနက် အချစ်တွေကို ခံစားရတယ်" လို့ ဗစ်တိုးရီးယားဟာ သူမရဲ့ကလေး ၄ ဦးကို ရည်ရွယ်ပြီး အင်စတာဂရမ်မှာ စာလေးတစ်ကြောင်း ရေးခဲ့ပါတယ်။

play

 

ဗစ်တိုးရီးယားဟာ ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုစ်နဲ့ ဟက်ပါတို့က ပေးပို့ထားတဲ့ ပန်းစည်းနဲ့ "မာမီ့အတွက်.. ရှိုးပွဲမှာ ကံကောင်းပါစေ။ အမေ့ကိုချစ်တယ်" လို့ ရေးထားတဲ့ကတ်လေးကို ဓာတ်ပုံရိုက်ပြီး တင်ထားပါတယ်။

play

 

Source & Photos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ