International Celebrity: မယ်အမေရိကဆုကို အာကန်ဆက်စ်မယ်က ဆွတ်ခူးသွားခဲ့

, updated

ပြိုင်ပွဲဝင် ၅၂ နှစ်ဦးထဲက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

စက်တင်ဘာလ ၁၁ ရက်ညက အတ္တလန္တိတ်စီးတီးမှာ ပြုလုပ်တဲ့ မယ်အမေရိက ၂၀၁၇ ရွေးချယ်ပွဲမှာ အာကန်ဆက်စ်ပြည်နယ်ရဲ့မယ် ဆေဗီရှီးစ်က မယ်အမေရိကဘွဲ့ကို ရရှိသွားခဲ့ပါတယ်။

play

 

ပြိုင်ပွဲဝင် ၅၂ ဦးထဲကနေ ရွေးချယ်ခံလိုက်ရတဲူ့အာကန်ဆက်စ်ပြည်နယ်က ကောလိပ်ကျောင်းသူလေးဟာ Smash ဆိုတဲ့ တီဗွီအစီအစဉ်က ဂျက်ဇ်သီချင်းတီပုဒ်နဲ့ ကပြဖျော်ဖြေခဲ့ပြီးတဲ့နောက် ပဏာမပြိုင်ပွဲမှာ စတင်အနိုင်ရရှိခဲ့ပါတယ်။

play

သူမနဲ့အတူ လက်ရွေးစင် ၁၅ ဦးထဲမှာ ကန်တက်ကီ၊ ဝါရှင်တန်၊ မန်ဆက်ချူးဆက်စ်၊ တောင်ကာရိုလိုင်းနား၊ အီဒိုဟို၊ အိုင်အိုဝါ၊ တက္ကဆက်၊ ကယ်လီဖိုးနိးယား၊ အိုကလာဟိုးမား၊ မာရီလန်း၊ နယူးယော့ခ်၊ တန်နက်ဆီ၊ လူဝီစီးယားနားနဲ့ မစ္စစ္စပီတို့က အလှမယ်တို့လည်း ပါဝင်ခဲ့ပါတယ်။

play

 

မယ်အမေရိကဆုရရှိသူဟာ ဂဏန်း ၆ လုံးရှိတဲ့ တစ်နှစ်စာလစာငွေ၊ တစ်နှစ်အတွင်း သူမရဲ့ ကုန်ကျစရိတ်နဲ့ ဒေါ်လာ ငါးသောင်းတန် စကောလားရှစ်တစ်ခု ရရှိပါတယ်။

Source & Photos : nbcnews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ