International Celebrity: အမ်မလီယာကလာ့ခ်ရဲ့ လူကြိုက်အများဆုံး ဓာတ်ပုံတွေ

နဂါးတို့ရဲ့မိခင်အဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။

play

 

အမ်မလီယာ အစ္စဘယ်လ် ယူဖီးမီယား ရို့စ် ကလာ့ခ်ဟာ အင်္ဂလိပ်မင်းသမီးဖြစ်ပြီး သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်တွေထဲမှာ Game of Thrones ရုပ်သံစီးရီးထဲမှာ ဒနဲရစ်တာဂေးရီယန် (နဂါးတို့ရဲ့မိခင်) အဖြစ်က နာမည်အကြီးဆုံးပါပဲ။

play

 

ဒါ့အပြင် ဒီနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ Me Before You ဇာတ်ကားကြောင့် သူမကို လူသိပိုများလာခဲ့ပါတယ်။

play

 

အခုဆိုရင် သူမဟာ လူကြိုက်များတဲ့ မင်းသမီးတစ်လက်အဖြစ်သာမက ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးသူတစ်ယောက်ပါ။

play

 

ဆိုရှယ်မီဒီယာတွေမှာ သူမတင်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ပရိသတ်သဘောအကျဆုံး ဓာတ်ပုံတွေကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။

play

`အင်စတာဂရမ်မှာ Follower တစ်သန်းရစဉ်က အမှတ်တရတင်ခဲ့တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

play

ဖြူစင်တဲ့မျက်နှာလေးနဲ့ အများအားဖြင့် တွေ့ရတဲ့ အမ်မလီယာဟာ ဆက်စီလည်းကျတဲ့သူဖြစ်ကြောင်း အခုလို သက်သေပြလိုက်ပြန်ပါတယ်။

play

နဂါးတို့ရဲ့မိခင်ဖြစ်တဲ့ သူမရဲ့ဇာတ်ရုပ်ကို သူမဘာသာ Troll လုပ်လိုက်တဲ့ပုံဟာလည်း ပရိသတ်တွေအတွက် ရယ်မော နှစ်သက်စရာ ပုံတစ်ပုံ ဖြစ်ခဲ့ပါတယ်။

play

ခမ်းနားလှတဲ့ ပွဲတစ်ခုမှာ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ဒုက္ခရောက်ခဲ့ရပုံကိုလည်း သူမက အခုလို ပွင့်ပွင့်လင်းလင်း ပြသခဲ့တဲ့အတွက် ပရိသတ်အနှစ်သက်ဆုံး ဓာတ်ပုံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ