International Celebrity: မီးဖွားမယ့်ရက်နီးကပ်လာလို့ အိပ်ရာထဲမှာသာနားနေရတဲ့ ဂျဲနက်ဂျက်ဆင်

အသက်ကြီးမှရတဲ့ သားဦးကိုယ်ဝန်မို့ အတော်ဂရုစိုက်ရပါတယ်။

play

 

ကွယ်လွန်သူ ပေါ့ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့ညီမ ဂျဲနက်ဂျက်ဆင်ဟာ မီးဖွားမယ့်ရက် နီးကပ်လာလို့ ဆရာဝန်ညွှန်ကြားချက်အရ အိပ်ရာထက်မှာသာ နားနေရတယ်လို့ သိရပါတယ်။ ဂျဲနက်ရဲ့ကိုယ်ဝန်ဟာ သားဦးကိုယ်ဝန်လည်းဖြစ်သလို သူမရဲ့အသက် ၅၀ ပြည့်ခါနီးမှရတာကြောင့် အထူးဂရုစိုက်နေရပါတယ်။

play

 

ယခုနှစ်စ မေလမှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရချိန်မှာတော့ ဂျဲနက်ဟာ Unbreakable ဖျော်ဖြေရေးခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

play

 

ဂျဲနက်ရဲ့ခင်ပွန်း ဝစ်ဆန် အယ်လ် မာနာကတော့ ဖက်ရှင်၊ မီဒီယာနဲ့ အိမ်ရာလုပ်ငန်းတွေလုပ်ကိုင်တဲ့ ဘီလျံနာတစ်ဦးပါ။ ဝစ်ဆန်နဲ့ဂျဲနက်တို့ဟာ အခြားဆယ်လီတွေလို ပွဲလမ်းသဘင်တွေ ခုံမင်ကြသူလည်းမဟုတ်ပါဘူး။ ၂၀၁၂ မှာ လက်ထပ်ခဲ့စဉ်ကတောင် တိတ်တဆိတ်ပဲ မင်္ဂလာပွဲကိုနွှဲခဲ့ကြသူတွေပါ။

Source : Us Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ