International Celebrity: ကော်ဇောနီထက်မှာ တက်ကြွပျော်ရွှင်တဲ့ဟန်တွေနဲ့ ခရစ္စပတ်

ဇာတ်ကားကိုတော့ ယခုလ ၂၃ ရက်မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။

play

 

ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာသူတွေက သူ့ထက်ငါ အပြိုင်အဆိုင် လင်းလက်နေကြပေမဲ့ ခရစ္စပတ်ကတော့ ရွှတ်နောက်နောက်နဲ့ ပြုံးပျော်နေခဲ့ပါတယ်။

play

 

စနေနေ့က Magnificent Seven အထူးပွဲပြသရာကို ရောက်လာခဲ့တဲ့ ခရစ္စပတ်က ပရိသတ်တွေနဲ့ မီဒီယာသမားတွေရှေ့မှာ တက်ကြွပျော်ရွှင်နေတဲ့ပုံတွေ လုပ်ပြခဲ့ပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြရမယ့်အစား ခြေနှစ်ချောင်းကို လေထဲမြောက်သွားအောင်ကို ခုန်ပြခဲ့လို့ ပရိသတ်တွေမှာ ရယ်ရွှင်မြူးတူးခဲ့ကြပါတယ်။

play

 

Magnificent Seven မှာ အတူသရုပ်ဆောင်ခဲ့တဲ့ ဒန်ဇယ်လ် ဝါရှင်တန်ကိုလည်း ခရစ္စပတ်က ဟာသတွေနှောပြီး နောက်ပြောင်နေတာကိုလည်း တွေ့ရပါသေးတယ်။ ဇာတ်ကားကိုတော့ ယခုလ ၂၃ ရက်မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ