International Celebrity: ဖက်ရှင်ရှိုးကြည့်ရင်း ရည်းစားနဲ့ ကြည်နူးနေတဲ့ ဂျေဒန်စမစ်

သူတို့နှစ်ယောက်အချစ်ရေးက ပိုခိုင်မြဲလာပုံပါပဲ။

play

 

အသက် ၁၈ နှစ်အရွယ် Karate Kid မင်းသားလေးနဲ့ သူ့ရဲ့ချစ်သူ ဆာဂရာတို့ဟာ New York Fashion Weeak မှာ လူတွေကြားထဲ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ရယ်မောနေကြတာကို တွေ့ရပါတယ်။

play

 

သေသွားပြီလို့ သတင်းလွှင့်ခံနေရတဲ့ ဂျေဒန်စမစ်ဟာ ဖက်ရှင်ရှိုးမစခင်မှာ သူ့ရဲ့ချစ်သူလေးရဲ့ ပါးပြင်ကို လှစ်ခနဲ နမ်းလိုက်ပါသေးတယ်။

play

 

အက်ရှင်မင်းသားကြီး ဝီလ်စမစ်ရဲ့သားနဲ့ အင်စတာဂရမ်မော်ဒယ်လေး ဆာရာတို့ဟာ ဖက်ရှင်ရှိုးလာကြည့်တာဖြစ်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားနားကို တိုးတိုးကပ်ပြောလို့ ရယ်မောကြရင်း အချင်းချင်းစိတ်ဝင်စားမှုက ပိုနေတာကို မြင်တွေ့ရပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် ဆာရာဟာ တီရှပ်အဖြူကို choker လေးနဲ့ တွဲဖက်ဝတ်လို့ လယ်သာစကတ်လေးနဲ့ ခါတိုင်းလိုပဲ ချစ်စဖွယ်လှပနေတာကို မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ