International Celebrity: လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ စင်ဒီကရော့ဖို့ဒ်ရဲ့သမီး ကိုင်ရာ

၁၅ နှစ်အရွယ် ကိုင်ရာဟာ မိခင်ရဲ့ခြေရာကို နင်းနိုင်သူပါ။

play

 

နယူးယော့ခ်မြို့မှာ ကျင်းပတဲ့ Harper's Bazaar Icons ပါတီမှာ လူတွေရဲ့စိတ်ဝင်စားမှု အများဆုံးခံခဲ့ရသူကတော့ စင်ဒီကရော့ဖို့ဒ်ရဲ့ ဆယ်ကျော်သက် သမီးလေး ကိုင်ရာပဲ ဖြစ်ပါတယ်။

play

အသက် ၁၅ နှစ်အရွယ် မော်ဒယ်ပေါက်စလေးဟာ စူပါမော်ဒယ်တွေကြားမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ဝါရင့်မော်ဒယ်တစ်ယောက်လို ဝံ့ဝံ့ကြွားကြွား ရှိနေခဲ့ပါတယ်။

play

သူမဟာ ကန်ဒဲလ်ဂျန်နာနဲ့ ဟေလီဘောဝင်းတို့လို သူမထက် ဝါရောအသက်ရော ကြီးတဲ့ မော်ဒယ်မမတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။

play

စင်ဒီကရော့ဖို့ဒ်အငယ်စားလေးဟာ ရွှေကြယ်လေးတွေ ကြဲဖြန့်ထားတဲ့ အနက်ရောင်ဂါဝန်လေးကို ဝတ်ထားပြီး တောက်ပနေခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ