International Celebrity: အပျော်လွန်သွားတဲ့ မိခင်ကို တွဲလာတဲ့ ဘရွတ်ကလင်းဘက်ခမ်း

သူမရဲ့ဖက်ရှင်ရှိုး အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့အတွက် ညစာစားပွဲပြုလုပ်ခဲ့ပါတယ်။

play

 

အသက် ၄၂ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ New York Fahion Week မှာ ဖက်ရှင်ရှိုးပြခဲ့ပြီးတဲ့နောက် ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်း၊ သား ဘရွတ်ကလင်းတို့နဲ့အတူ အောင်ပွဲ ကျင်းပခဲ့ပါတယ်။

play

 

ရှိုးပွဲ အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် အတော်လေး သောက်စားခဲ့ပုံရတဲ့ ဗစ်တိုးရီးယားကို သားဖြစ်သူက ဘေးက တွဲလို့ Lucali စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြပါတယ်။

play

 

အမြဲတမ်း သပ်ရပ်ပုံကျနေတဲ့ ဗစ်တိုးရီးယားဟာ ဒီတစ်ခါတော့ ဆံပင်ဖရိုဖရဲဖြစ်လို့ စားသောက်ဆိုင်ထဲက ထွက်လာခဲ့ပြီး အသက် ၁၇ နှစ်အရွယ် သားကြီး ဘရွတ်ကလင်းက သူမကို ကူညီဖေးမရင်း ဘေးက ပါလာခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ