International Celebrity: မဒမ်တူးဆော့ပြတိုက်ရောက် ဆူဇီရဲ့ဖယောင်းရုပ်တု

ဟောင်ကောင်ပြတိုက်မှာ ပထမဆုံးပြသခံရတဲ့ တောင်ကိုရီးယားအမျိုးသမီးလည်းဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ဆူဇီရဲ့ ပုံတူရုပ်တုကို ဟောင်ကောင်က မဒမ်တူးဆော့ ဖယောင်းရုပ်ပြတိုက်မှာ စတင်ထားရှိလိုက်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်ပြသလိုက်တဲ့ ရုပ်တုရှိရာကိုလည်း ဆူဇီက အရောက်လာခဲ့ပါတယ်။

play

 

ရုပ်တုနဲ့ဆင်တူဝတ်စားထားတဲ့ ဆူဇီကြောင့် ဘယ်ဟာအရုပ်၊ ဘယ်ဟာလူအစစ်ဆိုတာတောင် ခွဲမရပါဘူး။ ဟောင်ကောင် မဒမ်တူးဆော့မှာ ပြသထားခြင်းခံရသူတွေထဲမှာ ဆူဇီက ပထမဆုံး တောင်ကိုရီးယားကြယ်ပွင့်လည်း ဖြစ်လာပါတယ်။

play

 

" ကျွန်မနဲ့ အဲ့ဒီလောက်ထိ တူလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အရမ်းကိုရှော့ခ်ရသွားတယ်" လို့ ဆူဇီက ပြောပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ