International Celebrity: ဂျီဂျီဟက်ဒီးအတွက် ဂီတာတီးပြီးသီချင်းဆိုပြတဲ့ ဇေးမောလစ်

, updated

တကယ့်ရှိုးပွဲတွေကိုတော့ နားထားပေမဲ့ အချစ်အတွက်တော့ အမြဲအဆင်သင့်ပါပဲ။

play

 

ပူပင်သောကတွေများနေလို့ ဒူဘိုင်းဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ ဇေးမောလစ်က အချစ်အတွက် ဖျော်ဖြေမှုကိုတော့ မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့ချစ်သူ စူပါမော်ဒယ်လေး ဂျီဂျီဟက်ဒီးအတွက်တော့ ဂီတာလေးတီးတာ တစ်ကိုယ်တော်ဖျော်ဖြေပေးခဲ့ပါတယ်။

play

 

အင်္ကျီမပါဘဲ အိမ်နေရင်းပုံနဲ့ ဟော်လိုဂစ်တာလေးတစ်လက်နဲ့ သီချင်းဆိုပြနေတဲ့ ဇေးမောလစ်ရဲ့ဟန်ကို ဂျီဂျီကို snapchat ပေါ်မှာ တင်လိုက်ပါသေးတယ်။ မင်္ဂလာမနက်ခင်းပါကိုလူချောရေဆိုတဲ့ စာသားလေးနဲ့အတူ အချစ်သင်္ကေတလေးကိုပါ ရေးပြခဲ့ပါတယ်။

play

ဂျီဂျီရဲ့ကျေးဇူးကြောင့် ဇေးမောလစ်ပရိသတ်တွေကတော့ ဇေးရဲ့ကိုယ်ပေါ်က တက်တူးတွေကို မြင်လိုက်ကြရတာပါတယ်။

Source : Gigi Hadid snapchat

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ