International Celebrity: အမန်ဒါဆိုင်းဖရစ်နဲ့ သောမတ် ဆဒေါ့စကီးတို့ စေ့စပ်ကြောင်းလမ်း

အမန်ဒါကတော့ ရည်းစားဟောင်းနဲ့ နှစ်နှစ်ကြာတွဲခဲ့ဖူးပေမဲ့ ခုချိန်ထိ အိမ်ထောင်မပြုရသေးသူပါ။

play

 

အမေရိကန် သရုပ်ဆောင်အဆိုတော် အမန်ဒါဆိုင်းဖရစ်ဟာ သရုပ်ဆောင် သောမတ်ဆဒေါ့စကီးနဲ့ ၆ လကြာ ချစ်သူတွေဖြစ်ပြီးနောက် စေ့စပ်လိုက်ကြပါပြီ။

play

 

အမန်ဒါနဲ့ ဆဒေါ့စကီးတို့ဟာ ၂၀၁၅ ခုနှစ်က The Way We Gety By ဇာတ်ကားမှာ အတူသရုပ်ဆောင်ရင်း စတင်ရင်းနှီးခဲ့ကြတာပါ။ ယခုနှစ်စမှာတော့ Last Word ဇာတ်ကားမှာ ထပ်မံဆုံတွေ့ရာနေ ချစ်သူတွေဖြစ်သွားကြပါတော့တယ်။

play

အမေရိကန်မင်းသား ဆဒေါ့စကီးဟာ အမန်ဒါနဲ့ချစ်သူတွေမဖြစ်ခင်က ရှစ်နှစ်ကြာခဲ့တဲ့ အိမ်ထောင်ရေးရှိခဲ့ဖူးပြီး နွေရာသီတုန်းကမှ ကွာရှင်းဖို့ လျှောက်လွှာတင်ခဲ့ကြတာဖြစ်ပါတယ်။ အမန်ဒါကတော့ ဂျက်စတင်လောင်းနဲ့ နှစ်နှစ်ကြာတွဲခဲ့ဖူးပေမဲ့ ခုချိန်ထိ အိမ်ထောင်မပြုရသေးသူပါ။

Source : US Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ