International Celebrity: ကလိုဝီမိုရက်စ်နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားမယ့် ဘရွတ်ကလင်းဘက်ခမ်း

သူတို့စုံတွဲဟာ ဒီလဆန်းပိုင်းမှာ ပြတ်သွားခဲ့ကြတာပါ။

play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ ဆက်လိုက် ပြတ်လိုက် ဖြစ်နေတဲ့ ရည်းစား ကလိုဝီမိုရက်စ်နဲ့ အရမ်းကို ပြန်အဆင်ပြေနေချင်နေတယ်လို့ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

နာမည်ကြီးစုံတွဲဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့မေကမှ ချစ်သူတွေ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ဒီလအစောပိုင်းမှာတော့ ပြန်ပြတ်သွားခဲ့ပါတယ်။

play

 

ဘယ်သူက ဘယ်သူ့ကို ပစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်နေချိန်မှာ ဘရွတ်ကလင်းဟာ ဟောလိဝုဒ်မင်းသမီး ကလိုဝီမိုရက်စ်နဲ့ ပြန်အဆင်ပြေချင်နေတယ်လို့ အတွင်းလူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းရဲ့သား ဘရွတ်ကလင်းဟာ ကလိုဝီမိုရက်စ်ကို သူဘယ်လောက်ချစ်ကြောင်း သိရှိသွားပြီး သူမကို ပြန်ရဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ ကြားသိရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ