International Celebrity: ကြိုက်တာ အကုန်စားတဲ့ ကန်ဒဲလ်ဂျန်နာ

ကန်ဒဲလ်ဟာ အရပ် ၅ ပေ ၁ဝ လက်မရှိပြီး ကိုယ်အလေးချိန်က ပေါင် ၁၃၀ ရှိပါတယ်။

play

 

အသက် ၂၀ အရွယ် စူပါမော်ဒယ်လေး ကန်ဒဲလ်ဂျန်နာဟာ ဘုရားပေးတဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိသူလို့ ပြောရပါမယ်။ သူမဟာ ပိန်သွယ်တဲ့ ခန္ဓာကိုယ်ရဖို့ စားချင်တာ မစားဘဲ ထိန်းချုပ်ထားရသူမျိုး မဟုတ်ပါဘူး။

play

 

သူမ စားချင်တာ အကုန်စားတယ်ဆိုတဲ့ ကန်ဒဲလ်ဟာ လေယာဉ်ပေါ်တက်ချိန်မှာ သကြားမှုန့်တွေ ကပ်ထားတဲ့ ဒိုးနပ်ကို စားရတာ ကြိုက်တယ်လို့ ဆိုပါတယ်။

play

 

ငယ်ငယ်ကတည်းက Panda Express က တရုတ်စာကို ကြိုက်တဲ့သူမဟာ အခုထက်ထိလည်း အဲဒီမှာ ညစာစားလေ့ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ကန်ဒဲလ်ဟာ သရေစာတွေ အများကြီးစားတတ်သူလည်း ဖြစ်ပါသေးတယ်။

play

 

"ကန်နီ(ကန်ဒဲလ်) က မော်ဒယ်နဲ့မတူအောင် စားတာ လူတွေသိတော့ အရမ်းအံ့သြကြတယ်။ သူက ဘာဂါနဲ့ ပီဇာကို အရမ်းကြိုက်တာ။ ကျွန်မ အစားအသောက်မရှောင်ချင်တဲ့နေ့ဆိုရင် ကန်ဒဲလ်နဲ့ အဆင်ပြေတယ်" လို့ သူမရဲ့အစ်မ ကလိုဝီကာဒါရှီယန်က ပြောခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ