International Celebrity: ဖက်ရှင်ကျတဲ့ သမီးလေးအတွက် ဂုဏ်ယူနေတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

ဟာပါဟာ ဒေါက်မြင့်ဖိနပ်စီးပြီးတော့ ပြေးနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားနဲ့ ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းတို့ရဲ့ အထွေးဆုံးနဲ့ တစ်ဦးတည်းသော သမီးလေး ဟာပါဟာ ဘောလုံးထက် ဖက်ရှင်ကို ပိုစိတ်ဝင်စားတယ်လို့ ဗစ်တိုးရီးယားက ပြောခဲ့ဖူးပါတယ်။

play

 

အခုလည်း US TV က စကားဝိုင်းတစ်ခုမှာ ဟာပါလေးရဲ့ ဖက်ရှင်ကျနပုံကို ဂုဏ်ယူစွာနဲ့ ပြောသွားခဲ့ပြန်ပါသေးတယ်။

play

 

ငါးနှစ်သမီးလေး ဟာပါကာ မိတ်ကပ်အရမ်းကြိုက်ပြီး ဗစ်တိုးရီးယားအတွက် အကြီးဆုံး စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ အရာမှာတောင် ဆရာကျသူဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ဒေါက်မြင့်ဖိနပ်စီးပြီး ပြေးခြင်းပါပဲ။

play

 

"သမီးက မိတ်ကပ်တွေနဲ့ ကစားရတာ ကြိုက်တယ်။ ဒေါက်မြင့်ဖိနပ်စီးပြီး အကြာကြီးလည်း ပြေးနိုင်တယ်။ ကျွန်မ အရမ်းဂုဏ်ယူတယ်" လို့ ဗစ်တိုးရီးယားက ပြောပြခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့နှစ်က ဟာပါလေးဟာ သူမရဲ့အစ်ကိုတွေနဲ့ ဘောလုံးကစားရတာကို သဘောကျနေတာကို မြင်ရတဲ့အခါမှာ သူမရဲ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ခံစားရတယ်လို့ ဗစ်တိုးရီးယားက ပြောခဲ့ဖူးပါတယ်။

play

 

"သမီးက ဖက်ရှင်ကို ချစ်သလို အားကစားကိုလည်း ချစ်တယ်" လို့ သူမက ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ