International Celebrity: ကမ္ဘာတစ်လွှားက ပရိသတ်တွေဆီ အရောက်သွားဦးမယ်ဆိုတဲ့ ဂျန်ဂွန်ဆပ်

, updated

မကြာခင်မှာလည်း Endless Summer အမည်ရှိ သီချင်းသစ်ကို ဖြန့်ချိပါဦးမယ်။

play

 

အဆိုတော်သရုပ်ဆောင် ဂျန်ဂွန်ဆပ်ဟာ ငယ်စဉ်တည်းက အနုပညာလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူတစ်ဦးပါ။ အသက် ၁၁ နှစ်သားအရွယ်ကစလို့ ဖက်ရှင်ကက်တလောက်တွေမှာ သရုပ်ဆောင်ခဲ့ရသလို ယခုချိန်မှာလည်း အဆိုရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်များစွာ ရရှိထားပါတယ်။

play

 

" သရုပ်ဆောင်တစ်ဦးအနေနဲ့တော့ ကျွန်တော့ရိုက်ကူးရေးတွေတော့ ဆက်လုပ်နေမှာပေါ့။ ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်တော် အာရှနဲ့ ကမ္ဘာတစ်လွှားကို ဖျော်ဖြေရေးခရီးစဉ် လုပ်ချင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေနဲ့ တိုက်ရိုက်ဆုံခွင့်ရအောင်လို့လေ" ဆိုပြီး သူ့ရဲ့ ရည်မှန်းချက်ကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

play

 

ဂျန်ဂွန်ဆပ်ဟာ ယခုနှစ်စပိုင်းက Jackpot ဒရာမာကားမှာ ပါဝင်ခဲ့ပြီးနောက် ရိုက်ကူးရေးတွေကို ခတ္တနားထားပါတယ်။ ပြီးခဲ့တဲ့လကတော့ တစ်ကိုယ်တော်သီချင်းသစ် Darling Darling ကို ဖြန့်ချိခဲ့ပြီး မကြာခင်မှာလည်း Endless Summer အမည်ရှိ သီချင်းသစ်ကို ဖြန့်ချိပါဦးမယ်လို့ ဆိုပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ