International Celebrity: ရှိုးပွဲမှာလျှောက်နေရင်း ဘယ်လာဟက်ဒီး မှောက်လျက်လဲကျ

ပရိသတ်တွေကလည်း ထူပေးမယ့်အစား ဖုန်းတွေထုတ်ပြီး ဓာတ်ပုံတွေရိုက်တော့တာပါပဲ။

play

 

အသက် ၁၉ နှစ်နဲ့ ကမ္ဘာသိ နာမည်ကျော်မော်ဒယ်ဖြစ်လာတဲ့ ဘယ်လာဟက်ဒီးဟာ ဗုဒ္ဓဟူးနေ့မှာတော့ အကြီးအကျယ် ဂွမ်းသွားခဲ့ပါတယ်။

play

 

နယူးယော့ခ်မှာပြုလုပ်တဲ့ Michael Kors ရဲ့ ဖက်ရှင်ရှိုးပွဲမှာ အခြားနာမည်ကျော်မော်ဒယ်တွေနဲ့အတူ လျှောက်လာရင်း ရုတ်တရက် ရှေ့ကိုဟပ်ထိုးလဲကျသွားခဲ့ပါတယ်။ ကျတာမှ လေးဘက်ထောက်လျက်သားအထိကို ဖြစ်သွားခဲ့တာပါ။

play

 

အနက်ရောင်ဝတ်စုံ၊ အနက်ရောင်ခါးပတ်နဲ့ ခြောက်လက်မမြင့်တဲ့ဒေါက်ဖိနပ်ကိုစီးကာ လျှောက်လှမ်းလာရင်း ရုတ်တရက် မှောက်လျက်သားလဲသွားတဲ့ ဘယ်လာကို လူတွေက စိုးရိမ်တကြီးဖြစ်ခဲ့ရပါတယ်။

play

 

ရှိုးပွဲမှာ ဂျုန်းစမော၊ ကန်ဒဲလ်ဂျန်နာတို့လည်း ဒီပွဲမှာ ရှိုးလျှောက်ခဲ့ကြပါသေးတယ်။ တစ်ယောက်ချင်းစီလျှောက်လှမ်းစဉ်မှာ ဘယ်လာက လဲကျသွားခဲ့တာပါ။ ဘယ်လာကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားဘဲ အပြုံးနဲ့ပြန်ထကာ ဆက်လျှောက်ပြခဲ့ပါတယ်။

play

 

ရှိုးပွဲကအပြန် မိနစ်အနည်းငယ်အကြာမှာတော့ ဘယ်လာရဲ့ snapchat လူမှုကွန်ရက်ပေါ်မှာ ဒဏ်ရာရထားတဲ့ဖနောင့်ပုံကို တင်လိုက်တာ တွေ့ရပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ