International Celebrity: ဂျက်စတင်ဘီဘာ ဖုန်းဆက်လို့မရအောင် ဖုန်းနံပါတ်ပြောင်းလိုက်တဲ့ ဆယ်လီနာ

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်ဟာ ၂၀၁၁ ကနေ ၂၀၁၅ အထိ တွဲခဲ့ကြတာပါ။

play

 

ဆယ်လီနာဂိုးမက်စ်ဟာ ၄ နှစ်လောက် တွဲခဲ့တဲ့ သူမရဲ့ ချစ်သူဟောင်း ဂျက်စတင်ဘီဘာနဲ့ လုံးဝအဆက်အဆံ မလုပ်ချင်တော့ဘူးနဲ့ တူပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ် အဆိုတော်မလေး ဆယ်လီနာဟာ ဂျက်စတင်ဘီဘာ ဖုန်းဆက်လို့မရအောင် ဖုန်းနံပါတ်တောင် ပြောင်းလိုက်ပြီလို့ UsWeekly မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

play

 

သူမရဲ့ Lupus ရောဂါကြောင့် ဖြစ်ပေါ်တဲ့ စိတ်ကျရောဂါကြောင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရုပ်သိမ်းလိုက်တဲ့ ဆယ်လီနာဟာ သူမရဲ့ ဖုန်းနံပါတ်သစ်ကို ဂျေဘီကိုမပြောဖို့ သူငယ်ချင်းတွေကို ပြောထားတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်မှာ တေလာဆွစ်၊ ဂျီဂျီဟက်ဒီးနဲ့ ကာဒါရှီယန်မိသားစုတို့ အပါအဝင် နှစ်ယောက်စလုံးနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းအများအပြား ရှိပါတယ်။

play

 

သြဂုတ်လထဲမှာ ဂျေဘီရဲ့ ရည်းစားသစ် မော်ဒယ် ဆိုဖီယာရစ်ချီကိစ္စနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လီနာနဲ့ ဂျေဘီ စကားများခဲ့ကြပြီးနောက် ဆယ်လီနာက အခုလို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ