International Celebrity: ဒေးဗစ်ဘက်ခမ်းက သူမရဲ့မိတ်ကပ်တွေကို ခိုးသုံးတယ်လို့ ဗစ်တိုးရီးယားဖွင့်ဟ

ဗစ်တိုးရီးယားက စိတ်မဆိုးဘူးလို့ ဆိုပါတယ်။

play

 

ခန့်ညားချောမောလွန်းလို့ နာမည်ကြီးလှတဲ့ ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းရဲ့ လျှို့ဝှက်ချက်က သူ့ရဲ့ဇနီး ဗစ်တိုးရီးယားရဲ့မိတ်ကပ်တွေဖြစ်နေသလားပါပဲ။

This Morning ကို ဗစ်တိုးရီးယားက သူမရဲ့ အလှကုန်သစ်တွေအကြောင်း ပြောချိန်မှာ သူမရဲ့ခင်ပွန်းကိုယ်တိုင်က အမာခံပရိသတ်ဖြစ်တယ်လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

play

 

"ဒေးဗစ်က ကျွန်မရဲ့အလှကုန်တွေကို ခိုးသုံးတယ်။ ကျွန်မ စိတ်မဆိုးပါဘူး။ သူ အရမ်းလှနေတာပဲလေ" လို့ ဗစ်တိုးရီယားက အရွှန်းဖောက်ခဲ့ပါတယ်။

play

 

ဗစ်တိုးရီးယားရဲ့ အလှကုန်တွေကို နှစ်သက်တာ သူမရဲ့ နှစ် ၂၀ ကြာ ပေါင်းသင်းလာတဲ့ ခင်ပွန်းတစ်ယောက်တည်း မကပါဘူး။ စက်တင်ဘာလ ၁၃ ရက်က Midtown Manhattan က Bergdorf Goodman ဆိုင်ကြီးမှာ အလှကုန်ပစ္စည်းသစ်တွေ မိတ်ဆက်ပွဲလုပ်တော့ လာရောက်သူတွေ ကြိတ်ကြိတ်တိုး စည်စားခဲ့ပါတယ်။

play

 

ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ ဗစ်တိုးရီးယားဟာ  Estee Lauder နဲ့ ပူးပေါင်းပြီး အလှကုန်ပစ္စည်းသစ်တွေ စတင် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

play

 

Source & Phtoso : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ