International Celebrity: ယူကေမှာ လူကြိုက်အများဆုံး ဖက်ရှင်စတိုင်ရှိသူအဖြစ် ကိတ်မစ်ဒယ်လ်တန်ရွေးချယ်ခံရ

အရမ်းခေတ်မီနေတာမဟုတ်ပေမဲ့ ကျက်သရေရှိရှိနဲ့ အမြဲလှနေတာပါ။

play

 

ဗြိတိန်မင်းသား ဝီလျံရဲ့ဇနီး ကိတ်မစ်ဒယ်လ်တန်ဟာ အရမ်းခေတ်မီတဲ့ အဝတ်အစားတွေ ဝတ်နေတာ မဟုတ်ပေမဲ့ ယူကေမှာ လူတွေအနှစ်သက်ဆုံး စတိုင်ရှိသူအဖြစ် သတ်မှတ်ခံရပါတယ်။

play

 

လာမယ့် တနင်္လာနေ့မှာ စတင်မယ့် London Fashion Weeek မှာ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပေမဲ့ သုတေသနသစ်တစ်ခုအရ စူကီဝါးတားဟောက်စ်နဲ့ ကာရာဒယ်လဗင်းတို့လို နာမည်ကြီးမော်ဒယ်တွေရဲ့ ဒီဇိုင်းဟာ ဗြိတိန်တော်ဝင်မျိုးနွယ် ကိတ်ရဲ့ ဖက်ရှင်လောက် လူတွေကို မလွှမ်းမိုးနိုင်ပါဘူး။

play

 

 Rakuten Marketing ရဲ့ သုတေသနအရ ယူကေရဲ့ အမျိုးသမီး ၂၉ ရာခိုင်နှုန်းဟာ ကိတ်ကို အတုယူ ဝတ်ဆင်ကြတယ်ဆိုတာကို တွေ့ရှိရပါတယ်။

play

 

ကိတ် ဝတ်ဆင်နေကျ အသားကပ် ဂျင်းဘောင်းဘီနဲ့ တီရှပ်အတိုသာမက သူမရဲ့ ပွဲနေပွဲထိုင် အဝတ်အစားဒီဇိုင်းတွေဟာ ဈေးဆိုင်တွေမှာ အရမ်းကို ရောင်းကောင်းနေတာကို တွေ့ရပါတယ်။

play

 

ကိတ်မစ်ဒယ်လ်တန်ပြီးရင် လူကြိုက်အများဆုံး ဖက်ရှင်ရှိသူတွေကတော့ ရီတာအိုရာ၊ အမ်မာဝက်ဆန်၊ အီလီဂေါက်ဒင်းနဲ့ ဘလော့ဂါတစ်ဦးဖြစ်တဲ့ ဇိုအီလာတို့ ဖြစ်ပါတယ်။

play

 

Source &  Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ