International Celebrity: ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ထုတ်ဝေမယ့် ဇေးမောလစ်

ဇေးရဲ့ ပုဂ္ဂိုလ်ရေးရာတွေ၊ ပန်းချီလက်ရာတွေ၊ အတွေးအခေါ်တွေလည်း ပါဝင်ဦးမှာပါ။

play

 

One Direction အဖွဲ့သားဟောင်း ဇေးမောလစ်က သူ့ရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိကို မကြာခင် ဖြန့်ချိတော့မှာဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် အဆိုတော်လေးရဲ့ အတ္တုပ္ပတ္တိစာအုပ်ကို နာမည်ကျော် Penguin Random House စာပေဖြန့်ချိရေးက ထုတ်ဝေပေးသွားမယ်လို့ သိရပါတယ်။ X Factor ပြိုင်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံက လက်ရှိအချိန်ထိ ဖြစ်ပျက်နေတာတွေအထိ ဘဝအကြောင်းအားလုံးရေးသားဖော်ပြထားမယ်လို့ ဇေးမောလစ်က ပြောပါတယ်။

play

 

ဒါတင်မက ဇေးရဲ့ ပုဂ္ဂိုလ်ရေးရာတွေ၊ ပန်းချီလက်ရာတွေ၊ အတွေးအခေါ်တွေလည်း ပါဝင်ဦးမှာပါ။ စာအုပ်ကိုတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Source : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ