AD
AD
AD
play

 

ကြည့်ရှုသူ များပြားနေတဲ့ ကိုရီးယားဒရာမာစီးရီး Moonling Drawn By Clouds ထဲက မင်းသမီးလေးက သူမနဲ့တွဲဖက်သရုပ်ဆောင်တဲ့ ပတ်ဘိုဂမ်ကြားက ရင်းနှီးမှုကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နန်းတွင်းကား ဖြစ်ပြီး ကင်ယူဂျောင်က ယောက်ျားလေးတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့အသွင် သရုပ်ဆောင်ထားတာပါ။

play

 

" အိုပါး ပတ်ဘိုဂမ်က ကျွန်မအပေါ် တကယ်ကောင်းပါတယ်။ ကျွန်မတို့က မောင်နှမတွေလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရအောင်လို့ ဇာတ်ကားမရိုက်ခင်တည်းက ဇာတ်ညွှန်းအတူဖတ်တယ်။ အပြင်ထွက်ပြီး စားသောက်ကြတယ်။ ဇာတ်ကားရိုက်တဲ့အခါကျတော့ အခက်အခဲတွေကို အတူကျော်ဖြတ်နိုင်သွားကြရော" လို့ ကင်ယူဂျောင်က ပြောပါတယ်။

play

 

ပတ်ဘိုဂမ်သာမက ဂျင်ယောင်းနဲ့ ကွတ်ဒေါင်ယွန်တို့ကလည်း သူမအပေါ် မိသားစုဝင်လို သဘောထားပေးပါတယ်လို့ ဆက်လက်ပြောပါတယ်။ သူမကိုယ်တိုင်အတွက်ကတော့ ရှေးခေတ်ဝတ်စုံကို ဝတ်ရုံသာမက ယောက်ျားလေးနဲ့တူအောင် ရင်ဘတ်ကိုကျပ်စည်းပြီး သရုပ်ဆောင်ရလို့ ပင်ပန်းရပါတယ်လို့ ဆိုပါတယ်။

Source : Soompi

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD