International Celebrity: အနုပညာကြေးအမြင့်ဆုံး ရုပ်သံသရုပ်ဆောင်အဖြစ် ဆိုဖီယာဗဂရာ ငါးနှစ်ဆက်တိုက်ရပ်တည်

ယမန်နှစ်ကထက် ဝင်ငွေ ၆၆ ရာခိုင်နှုန်း ပိုမြင့်တက်လာတာလည်းဖြစ်ပါတယ်။

play

 

ကိုလံဘီယာနွယ်ဖွား သရုပ်ဆောင် ဆိုဖီယာ ဗဂရာဟာ အနုပညာကြေးအမြင့်ဆုံးရတဲ့ အမျိုးသမီးရုပ်သံသရုပ်ဆောင်ဖြစ်ကြောင်း Forbes က ထုတ်ပြန်ကြေညာပါတယ်။ ဝင်ငွေ ဒေါ်လာ ၄၃ သန်းနဲ့ ယခုနှစ်နဲ့ အနုပညာကြေးအမြင့်ဆုံး အမျိုးသမီးရုပ်သံသရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာပါ။

play

 

ဒါဟာ သူမအတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကနေ ယခုနှစ်ထိ အနုပညာကြေးအမြင့်ဆုံးရတဲ့ ရုပ်သံသရုပ်ဆောင်ဖြစ်နေတာပါ။ ဗဂရာဟာ ယမန်နှစ်ကထက် ဝင်ငွေ ၆၆ ရာခိုင်နှုန်း ပိုမြင့်တက်လာတာလည်းဖြစ်ပါတယ်။

play

 

အနုပညာကြေးအမြင့်ဆုံး အမျိုးသမီးရုပ်သံသရုပ်ဆောင် (၁၀) ဦး

၁။ ဆိုဖီယာ ဗဂါရာ - ဒေါ်လာ ၄၃ သန်း

၂။ ကာလေ ကူကိုး - ဒေါ်လာ ၂၄.၅ သန်း

၃။ မင်ဒီ ကလင်း - ဒေါ်လာ ၁၅ သန်း

၎။ အယ်လန် ပွန်ပီယို - ဒေါ်လာ ၁၄.၅ သန်း

၅။ မာရစ္စကာ ဟာဂီတေ - ဒေါ်လာ ၁၄.၅ သန်း

၆။ ကယ်ရီ ဝါရှင်တန် - ဒေါ်လာ ၁၃.၅ သန်း

၇။ စတာနာ ကတ်တစ် - ဒေါ်လာ ၁၂ သန်း

၈။ ပရီယန်ကာ ချော်ပရာ - ဒေါ်လာ ၁၁ သန်း

၉။ ဂျူလီယန်နာ မာဂူလီ - ဒေါ်လာ ၁၀.၅ သန်း

၁၀။ ဂျလီ ဘိုဝန် - ဒေါ်လာ ၁၀ သန်း

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ