International Celebrity: လျှောက်လမ်းပေါ်မှာ အလှချင်းပြိုင်နေတဲ့ ဂျီဂျီနဲ့ ဘယ်လာ

လဲကျခဲ့တဲ့နေ့မှာပဲ ဘယ်လာဟက်ဒီးဟာ နောက်ထပ်ရှိုးပွဲတစ်ခု ထပ်လျှောက်ခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၁၄ ရက်က Michael Kors လျှောက်လမ်းပေါ်မှာ ဟတ်ထိုးလဲခဲ့တဲ့ ဘယ်လာဟက်ဒီးဟာ ခြေထောက်နာသွားခဲ့ပေမဲ့ နောက်တစ်ပွဲ ထပ်လျှောက်ဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။

play

 

ဒီတစ်ခါမှာတော့ သူမဟာ Anna Sui ရဲ့ ဖက်ရှင်ရှိုးကို အစ်မဖြစ်သူ ဂျီဂျီဟက်ဒီးနဲ့အတူ လျှောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီနှစ်ထဲမှာ တဟုန်ထိုးနာမည်ကြီးလာတဲ စူပါမော်ဒယ် ညီအစ်မနှစ်ယောက်ဟာ မော်ဒယ်စင်မြင့်ပေါ်မှာ ကောင်းဘွိုင်စတိုင် ဝတ်စုံတွေကို ဝတ်ခဲ့ကြပါတယ်။

play

 

ဘယ်ဟာဟက်ဒီးဟာ New York Fashion Week မှာ ရှိုးပွဲတွေ အများကြီး လျှောက်ခဲ့ရပြီး သူမရဲ့ ကျော့ရှင်းတဲ့ ကိုယ်နေဟန်ထားကြောင့် အာလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

စက်တင်ဘာလ ၁၃ ရက်နေ့က DKNY အတွက် ဆက်စီကျတဲ့ ခေါင်းစွပ်အနက်ရောင်ဝတ်စုံနဲ့ စတင်ခဲ့တဲ့ ဘယ်လာဟာ ၁၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာလည်း ရှိုးပွဲနှစ်ပွဲ ဆက်တိုက်လျှောက်ခဲ့ရပါပြီ။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ