International Celebrity: ဂျနီဖာလိုးပက်စ်နဲ့ ကယ်ဗင်ဟားရစ် တွဲနေတယ်လို့ သတင်းထွက်

ဂျေလိုက ရည်းစားနဲ့ကွဲတာ သီတင်းပတ်အနည်းငယ်သာ ရှိပါသေးတယ်။

play

 

တေလာဆွစ်နဲ့ ဒီနှစ်အစောပိုင်းက ကွဲသွားခဲ့တဲ့ ကယ်ဗင်ဟားရစ်နဲ့ ငါးနှစ်တာ တွဲလာတဲ့ ရည်းစား ကက်စပါစမတ်နဲ့ လွန်ခဲ့တဲ့ သတင်းအပတ်အနည်းငယ်က ကွဲသွားခဲ့တဲ့ ဂျနီဖာလိုးပက်စ်တို့ဟာ တိတ်တဆိတ် ချစ်ကြိုးသွယ်နေတယ်လို့ သိရပါတယ်။

play

 

သူတို့နှစ်ယောက်ဟာ သီချင်းထုတ်ဖို့ အလုပ်အတူတွဲလုပ်နေပုံရပြီး အခုတော့ သူတို့ဟာ တတွဲတွဲဖြစ်နေကြတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

play

 

"ကယ်ဗင်နဲ့ ဂျနီဖာက နှစ်ယောက်တွဲ လူမမြင်အောင် အရမ်းကို ဂရုစိုက်ကြတယ်" လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

အရမ်းစောနေသေးတဲ့အတွက် လူတွေမသိစေချင်သေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ဇွန်လတုန်းက ဂျေလိုရဲ့မွေးနေ့ပွဲကျင်းပတဲ့နေ့မှာ နှစ်ယောက်တွဲဓာတ်ပုံကို တင်ခဲ့ပါသေးတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ