International Celebrity: သားကို ပြုစုပျိုးထောင်ဖို့ ၁၀ နှစ်အတွင်း ရှိုးပွဲတွေ မလုပ်ဘူးဆိုတဲ့ အဒဲလ်

အဒဲလ်တစ်ယောက် စတိတ်စင်ပေါ်ကနေ ဆယ်စုနှစ်တစ်စုလောက် ပျောက်ကွယ်မယ့်ပုံပါပဲ။

play

 

ဗြိတိန်ပေါ့ပ်စတား အဒဲလ်ဟာ နိုဝင်ဘာလမှာ အပြီးသတ်မယ့် လက်ရှိပြုလုပ်နေတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲပြီးရင် ရှိုးပွဲတွေ ခဏနားထားမယ်လို့ ကြားသိရပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ် အဒဲလ်ဟာ ၃ နှစ်အရွယ် သားလေးကို ပြုစုပျိုးထောင်ရာမှာ အာရုံစိုက်ဖို့အတွက် အနားယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"အန်ဂျလိုက အဒဲလ်အတွက် ပထမဦးစားပေးပါ။ သူမဘဝရဲ့ အရေးကြီးဆုံးအရာလည်း ဖြစ်တယ်။ ဖျော်ဖြေပွဲလုပ်တော့ သူ့ကို အမြဲတမ်းခေါ်သွားပေမဲ့ နောက်နှစ်ဆို အန်ဂျလိုက ကျောင်းစတက်ရတော့မယ်ဆိုတော့ အဒဲလ်နဲ့အတူ မလိုက်နိုင်တော့ဘူးလေ" လို့ အဒဲလ်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

"အန်ဂျလို တဖြည်းဖြည်း ကြီးပြင်းလာချိန်အတွင်းမှာ ခဏလေးတောင် အဒဲလ်က မလွဲချော်ချင်ဘူး။ သားအတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်ကို ရုတ်သိမ်းဖို့ကို အဒဲလ်က လွယ်လွယ်ပဲဆုံးဖြတ်ခဲ့ပါတယ်" လို့ ထိုလူက ဆိုပါတယ်။

အဒဲလ်ရဲ့ကိုယ်စားလှယ်တစ်ဦးကတော့ ယင်းသတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Source & Photos : nydaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ