International Celebrity: စတိုင်အလန်းကြီးနဲ့ စက်ဘီးစီးနေပေမဲ့ ဘောင်းဘီလျှောကျနေတဲ့ မယ်ဒေါနား

လန်ဒန်က လမ်းမတွေပေါ်မှာ မြင်တွေ့ရတာပါ။

play

 

အသက် ၅၈ နှစ်အရွယ် မယ်ဒေါနားဟာ လူငယ်လေးတစ်ယောက်စတိုင်နဲ့ လန်ဒန်မြို့တလျှောက် စက်ဘီးစီးနေတာကို မြင်တွေ့ရပါတယ်။

play

 

သူမရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးဆရာနဲ့အတူ စက်ဘီးစီးနေတဲ့ မက်ဒေါနားဟာ နေကာမျက်မှန်တပ်လို့ Adidas အားကစား အင်္ကျီနဲ့ ဘောင်းဘီအကွက်ကို ဝတ်ထားတဲ့ မက်ဒေါနားဟာ ရှေ့ကကြည့်ရင် တကယ့်ကို စတိုင်အမိုက်စားနဲ့ လန်းနေပေမဲ့ နောက်ကနေ ကြည့်လိုက်ချိန်မှာတော့ သူမရဲ့ဘောင်းဘီက ပေါင်အတိလျှောကျနေတာကို မြင်တွေ့ရပါတယ်။

play

 

အခုတလော မက်ဒေါနားခမြာ အဝတ်အစားနဲ့ပတ်သက်လို့ ကံမကောင်းရှာပါဘူး။

play

 

ပြီးခဲ့တဲ့ အပတ်ကလည်း New York Fashion Week မှာ သူမရဲ့သမီး Lourdes နဲ့အတူ ဖက်ရှင်ရှိုးထိုင်ကြည့်နေတုန်းကလည်း အင်္ကျီလျှောကျပြီး ရင်သားထိပ် ပေါ်သွားခဲ့ရပါသေးတယ်။

play

 

မက်ဒေါနားဟာ သား ရော့ကိုကို အုပ်ထိန်းခွင့်ရဖို့အတွက် ခင်ပွန်းဟောင်း ဂိုင်းရစ်ချီနဲ့ ၉ လကြာ တရားရင်ဆိုင်ရာမှာ ပြီးခဲ့တဲ့သီတင်းပတ်အကုန်က ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အခုလို အပန်းဖြေနေတာဖြစ်ပါတယ်။

play

 

ရော့ကိုဟာ ကျောင်းတက်ချိန်တွေမှာ ဖခင်နဲ့အတူ အင်္ဂလန်မှာ နေမှာဖြစ်ပြီး တခြားအချိန်တွေမှာတော့ မက်ဒေါနားနဲ့အတူ အမေရိကမှာ လာနေမှာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ