International Celebrity: ပြတ်သွားတဲ့ ခင်ပွန်းဟောင်းပေးခဲ့တဲ့ စေ့စပ်လက်စွပ်ကို ပြန်ဝတ်လိုက်တဲ့ လင်ဆေးလိုဟန်

ခင်ပွန်းဟောင်းနဲ့ ပြန်အဆင်ပြေနေတဲ့ သဘောပါပဲ။

play

 

ခင်ပွန်းလောင်း ရုရှားဘီလျံနာ အက်ဂါတာရာဘက်ဆော့ဗ်နဲ့ လင်ဆေးလိုဟန်တို့ဟာ မိုင်ကိုနိုစ်ကမ်းခြေမှာ အကြီးအကျယ် စကားများကြပြီးတဲ့နောက် လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။

play

 

အင်ဂါဟာ လင်ဆေးလိုဟန်အပေါ် ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့တဲ့အပြင် လင်ဆေးလိုဟန်ကို စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ ကမ်းခြေတစ်ခုကို အပန်းဖြေသွားတာ တွေ့ခဲ့ရပြီးနောက် စင်တင်ဘာလ ၁၄ ရက်ညမှာတော့ သူတို့နှစ်ယောက် ပြန်အဆင်ပြေနေကြောင်း လင်ဆေးလိုဟန်က အရိတ်အမြွတ်ပြလိုက်ပါတယ်။

play

 

အသက် ၃၀ နှစ်အရွယ် အမေရိကန်မင်းသမီး လင်ဆေးလိုဟန်ဟာ သူမရဲ့ ဘီလျံနာ ခင်ပွန်းလောင်း ပေးထားတဲ့ ဒေါ်လာ သုံးသိန်းတန် စေ့စပ်လက်စွပ်ကြီး တဝံ့ဝံ့နဲ့ Fitzrovia’s Libertine ကလပ်ကို ရောက်လာခဲ့ပါတယ်။

မိန်းကလေးတစ်အုပ်နဲ့ ကလပ်ကို ရောက်လာတဲ့ သူမဟာ အက်ဂါနဲ့ ပတ်သွားပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ယင်းမြလက်စွပ်ကို ပြန်လည်ဝတ်ဆင်လိုက်တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ