International Celebrity: ချမ်းမြေ့မှုမရှိခဲ့တဲ့ မိသားစုရေးကို ထုတ်ပြောတဲ့ ရှိုင်းလင်းဝုဒ်လေ

Divergent ဇာတ်လမ်းတွေနဲ့ လူသိများလာခဲ့ပြီး Snowden ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။

play

 

အက်ရှင်ရော ဒရာမာကားတွေမှာပါ သရုပ်ဆောင်ရင်း နာမည်ရလာတဲ့ မင်းသမီး ရှိုင်းလင်းဝုဒ်လေဟာ သာယာချမ်းမြေ့မှုကင်းမဲ့တဲ့ မိသားစုဘဝနဲ့ ဖြတ်သန်းခဲ့ရသူပါ။ သူမရဲ့မိသားစုအကြောင်းကို The Edit မဂ္ဂဇင်းမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

play

 

ရှိုင်းလင်းရဲ့ဖခင်က စိတ်ရောဂါပညာရှင်တစ်ဦးဖြစ်ပြီး မိခင်ကတော့ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူမရဲ့ ကလေးဘဝဟာ နည်းနည်းမှပျော်စရာမကောင်းခဲ့ဘူးလို့ ရှိုင်းလင်းက မကွယ်မဝှက် ဖြေကြားပါတယ်။

play

 

ဒါပေမဲ့လည်း သူမရဲ့မိဘတွေက သူမအတွက်ဘာမဆိုလုပ်ပေးကြမယ့်လူတွေဖြစ်ပြီး သူမအတွက်လည်း အရာရာပါပဲလို့ ဆိုပါတယ်။ အဆင်မပြေတာတွေဖြစ်ခဲ့ပေမဲ့လည်း ဒါကိုပဲ ဂုဏ်ယူမိပါတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိုင်းလင်းကပြောပါတယ်။

သူမကို Divergent ဇာတ်လမ်းတွေနဲ့ လူသိများလာခဲ့ပြီး ယခုတစ်ဖန် Snowden ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။

Source : The Edit

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ