International Celebrity: ပွဲလမ်းအခမ်းအနားတွေကို ရှောင်နေရခြင်းအကြောင်းကို မိုင်လေဆိုင်းရပ်စ်ထုတ်ပြော

ကျွန်မဝတ်ထားတာနဲ့ပတ်သက်ပြီး လူတွေပြောဆိုနေမှာကိုလည်း မလိုလားဘူး........

play

 

အဆိုတော် သရုပ်ဆောင် မိုင်လေးဆိုင်းရပ်စ်ဟာ ယခုနှစ်အတွင်းမှာ ပွဲလမ်းသဘင်တွေနဲ့ ကော်ဇောနီလျှောက်လမ်းတွေကို တက်ရောက်ခြင်းမပြုဘဲနေလာတာ ကြာခဲ့ပါပြီ။ ဘာကြောင့် ဒီလိုမျိုး ရှောင်နေရလဲဆိုတာကို မိုင်လေးက ထုတ်ပြောလိုက်ပါတယ်။

play

 

"ကော်ဇောအရောင်ကြောင့်ရယ်လို့ မဟုတ်ပါဘူး။ အမျိုးသမီးတွေနဲ့ပတ်သက်လို့ပါ။ ကျွန်မတို့ကို ဓာတ်ပုံဆရာတွေက အနမ်းတွေမှုတ်ထုတ်ခိုင်းနေတာလည်းပါတယ်။ ပြီးတော့ ကျွန်မဝတ်ထားတာနဲ့ပတ်သက်ပြီး လူတွေပြောဆိုနေမှာကိုလည်း မလိုလားဘူး။ ဒါကြောင့်ကျွန်မက အရမ်းမဝတ်တာ" လို့ ဖြေကြားခဲ့ပါတယ်။

play

 

သောကြာနေ့မှာ နယူးယော့ခ်မြို့က Today Show မှာ ပါဝင်ဖို့အတွက် စတူဒီယိုကို မိုင်လေးက အနီကွက်ဝမ်းဆက်လေးနဲ့ မိန်းမဆန်ဆန် လှလှပပလေး ရောက်လာခဲ့ပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ