International Celebrity: လဲကျသူကို ဟိတ်ဟန်တွေမထားဘဲ အပြေးကူတဲ့ တော်ဝင်မင်းသားဝီလျံ

, updated

လူတွေအားလုံး ပါးစပ်အဟောင်းသားဖြစ်နေချိန်မှာ ဝီလျံက အပြေးအလွှားကူညီထူမတ်ပေးခဲ့တာပါ။

play

 

ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားလည်းဖြစ် ကမ်းဘရစ်ခ်ျမြို့စားလည်းဖြစ်တဲ့  ဝီလျံရဲ့ ကူညီဖေးမတတ်မှုပုံရိပ်တွေဟာ လူတွေအကြား ချီးမွမ်းစရာအသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

play

 

ဝီလျံနဲ့ကိတ်မစ်ဒယ်လ်တန်တို့ဟာ ဟာလိုးမြို့မှာ ဘုရင်မကြီးရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ကလေးတွေပြုစုပျိုးထောင်ရေး ဆွေးနွေးကြစဉ်မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အရာရှိဟောင်းတစ်ဦးက ခြေချော်ပြီးလဲကျသွားခဲ့ပါတယ်။

play

 

လူတွေအားလုံး ပါးစပ်အဟောင်းသားဖြစ်နေချိန်မှာ ဝီလျံက အရာရှိဟောင်းကို အပြေးအလွှားကူညီထူမတ်ပေးခဲ့တာပါ။

play

 

လဲကျသွားခဲ့တဲ့ အရာရှိဟောင်း ဂျော်နသန် ဒေါက်ဂလက်စ်ဟုဂ်ျစ်က အသက် ၇၂ နှစ် ရှိပါပြီ။ တော်ဝင်ဇနီးမောင်နှံကို ကြိုဆိုဖို့ ဝတ်စုံပြည့်ဝတ်လာခဲ့သူပါ။ ကူညီထူမတ်ပေးတဲ့ မင်းသားဝီလျံကို တောင်းပန်စကားဆိုပေမဲ့ ဟိတ်ဟန်တွေမရှိတဲ့ ဝီလျံက "ရပါတယ်ဗျာ၊ ကိစ္စမရှိပါဘူး" လို့ ပြုံးပြုံးရွှင်ရွှင်ပြန်ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ